အပိုင်း (27.1)

2.2K 362 7
                                    

[27.1]

အန်းမူက ဘေးတစ်ဘက်ကို လှည့်ပေး လိုက်တာကို ဟန်ကျွမ်းချွမ်တွေ့ လိုက်ရလေတယ်။ သူ့ရဲ့ ခေါင်းလေးကို နှိမ့်ပြီးတော့ လည်ပင်းက ဂလင်းလေးကို ဖော်ထားတဲ့ အတွက်ကြောင့် ပယ်ရိုမုန်း ရနံ့လေးက လွင့်ပျံ လာခဲ့တယ်။ အန်းမူက မျက်နှာ နီနီလေး နဲ့ပဲ ဟန်ကျွမ်းချွမ်ကို ပြောလာ ခဲ့လေတယ်။

'' ကျွန်တော် ဒီနေရာမှာ လုံးဝ ဖော်ပြပေးထား ပါတယ်နော်''

ကြောက်စရာ ကောင်းတဲ့ သွားရာ ကြီးက ကိုက်ပြီးတာနဲ့ ချောမွေ့တဲ့ အရေပြားလေး အောက်ထဲကို စိမ့်ဝင်သွားကာ ပျောက်ကွယ်  သွားတာကို ဟန်ကျွမ်းချွမ် တွေ့လိုက်ရတယ်။ ပြီးတော့ သူ့လက်မောင်းကြားထဲက ကောင်ငယ်လေး ကလည်း အခုချိန်ထိ တုန်ခါနေမှန်း သူခံစားမိတယ်။

သူတို့ရဲ့ ပထမဆုံး အကြိမ်က ကောင်းမွန်တဲ့ အမှတ်တရ တစ်ခုတော့ မဟုတ်ခဲ့တာကြောင့် အန်းမူခမျာ မသိစိတ်ထဲကနေ ပြီးတော့ ကြောက်ရွံမှု အရိပ်မဲကြီး လွမ်းမိုးခံ ခဲ့ရတယ်လေ။ ဒါပေမယ့် အန်းမူက သူ့စိတ်အတွင်း ပိုင်းထဲက ကြောက်စိတ်နဲ့ မရေရာတဲ့ စိတ်တွေကို ပျောက်ကွယ် သွားအောင် တွန်းအားပေး လိုက်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် အယ်ဖာကိုပဲ ယုံကြည်အောင် သူ့ကိုယ်သူ အတင်းတွန်း အားပေးနေခဲ့လေတယ်။ 

   ဟန်ကျွမ်းချွမ်က အန်းမူကို ကောက်ပွေ့လိုက်တယ်။ အာကာသယာဥ်က အော်တိုမောင်း စနစ်မလို့ အချိန်တိုင်း စောင့်ကြည့်စရာ မလိုပေ။ ဒါကြောင့် ဟန်ကျွမ်းချွမ်လည်း အန်းမူကို နားနေခန်းထဲ ပွေ့ခေါ် သွားတော့တယ်။

ဟန်ကျွမ်းချွမ် တစ်ယောက် အန်းမူကို အိပ်ယာပေါ် တင်ပေး ပြီးပြီးချင်းမှာပဲ အန်းမူက အရှက်သည်းစွာနဲ့ ကွေးသွားပြီးတော့ စောင်လေးကို ဆွဲယူကာ သူ့ကိုယ်သူ ဖုံးအုပ်လိုက် တော့တယ်။

ချွန်ထက်တဲ့ ​ကျားသွားလိုမျိုး သွားတွေက ဖြူဖွေးနူးညံ့တဲ့ အရေပြားလေး ထဲကို ထပ်ပြီးတော့ ထိုးဖောက်ဝင်ရောက် သွားကာ ၂ ယောက်လုံးရဲ့ ပယ်ရိုမုန်း အနံတွေ ပျံ့လွင့်လာပြီးတော့ ကျဥ်းမြောင်းလှတဲ့ အခန်းလေး အတွင်းမှာ အချင်းချင်း ပေါင်းစည်း သွားတော့တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now