အပိုင်း (10.1)

4K 484 7
                                    


[Unicode] (10.1)

ဟန်ကျွမ်းချွမ်က ယန်ဟဲကို သူ့နောက်လိုက်ဖို့ သတိပေးပြီးတဲ့နောက် ဓာတ်ခွဲခန်းထဲက လူတွေကို ခေါ်ဖို့ရာ အချိန်၂ နာရီကြာသွားလေတယ်။

ပိုးသတ်ဆေး အနံတွေနဲ့ ပြည့်နေတဲ့ အဖြူရောင် လူသွားလမ်းတစ်လျောက်လုံး အလွတ်ကြီးဖြစ်သွားခဲ့ပါပြီ။ ပြီးတော့ ဟန်ကျွမ်းချွမ် က ဘာမှကြိုတင်မစီစဥ်ထားပဲနဲ့ ဦးဆောင်သူကို ခေါ်ကာ ပြောလိုက်တယ်။

" ဒီတစ်ကြိမ် ငါလိုက်မှာက ကြယ်ဓားပြတွေကြောင့်ပဲ။ ဒါကြောင့်မို့ စစ်တပ်ဌာနမှာ ငါ့ရဲ့အာဏာအရ လုပ်ပိုင်ခွင့်ကိုသုံးပြီးတော့ ရနိုင်သမျှ လက်နက်တွေအများဆုံး ထုတ်ယူ လာခဲ့တယ်။ အဲ့ဓားပြတွေကအရမ်းကို ခက်ခဲတယ်ဆိုတာကို မင်းလည်းကြား ပြီးလောက်ရောပေါ့။ သူတို့တွေက အရမ်းကြီးအန္တရာယ်များတယ်...''

ဟန်ကျွမ်းချွမ် စကားပြောလို့ မပြီးသေးခင်မှာပဲ စည်းကမ်းကို အပြည့်အဝလိုက်နာတက်တဲ့ ယန်ဟဲလိုလူတောင်မှ ကြားဖြတ်ပြောကာ အရိုအသေပေးခဲ့တယ်။

" ဒီတပ်ကြပ်က ဗိုလ်မှူးပြောသမျှ အတိုင်းနာခံပြီးတော့ မီးနဲ့ရေကိုပဲ ဖြတ်ရဖြတ်ရ အဲ့ဓားပြတွေကိုအနိုင်တိုက်မှာပါ''

" ဒါဆို ဒေါက်တာချောင်....''

" ငါကတော့ သူ့ကိုမလွှတ်ချင်ဘူး ဘာလို့လဲဆိုတော့ ဒီကိစ္စက အတော့်ကိုအန္တရာယ် များလို့လေ''

ဟန်ကျွမ်းချွမ်က ပြောလိုက်တယ်။

ထိုစကားလည်း ဆုံးရော လျောက်လမ်း ထောင့်နားလေးက အသံတစ်သံကထွက်လာ ခဲ့တယ်။

" ဘယ်သူကများငါ့ရဲ့ ထင်မြင်ချက် ကိုအရင်မမေးရတာပါလိမ့်''

ချောင်ရှောင်ပိုင်က လူလုံးထွက်ပြပြီးတော့ သူ့လက်တွေကိုအနောက်မှာ ထားကာ အပြစ်တင်ဟန်နဲ့ မေးမြန်း လိုက်တယ်။

" ကျွန်တော် က အားနည်းတယ် ဆိုပေမယ့် ခများတို့ကို စစ်တပ်ကနေခွင့်ပြု ပေးအောင်လုပ်ပေး နိုင်ခဲ့တာလေ။ ဝန်ကြီးဌာနရဲ့ ခွင့်ပြုမှုဆိုတာ ကလည်း ဒီပရောဂျတ်ကို ကြောင့်ပဲလေ။ တကယ်လို့ ကျွန်တော် သာမပါပဲ ဒီခေါင်းစဥ်အောက်မှာ ကြယ်ဓားပြတွေကို တိုက်ပါပြီတဲ့ တစ်ခုခုဖြစ်သွားခဲ့ရင် စစ်တပ်စည်းမျဥ်း တွေကိုလွတ်မြောက် နိုင်မှာတဲ့လား။ ''

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now