အပိုင်း (22.4)

2.3K 360 1
                                    

[Unicode] (22.4)

ထိုမတည်ငြိမ်တဲ့ အခြေအနေက ပြောနေစရာကိုမလိုပါပေ။ အိုမီဂါလေးဟာ သေချာပေါက် မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့ တာပေါ့။ အန်းမူက ရီဝေစွာနဲ့ မျက်လုံးပွင့်လာ လေရဲ့။

သူ့ရဲ့ မျက်ဝန်းထဲမှာ အနက်ရောင်အရိပ်ကြီး တစ်ခုဖုံးလွမ်းနေပြီးတော့ သူဘယ်လောက်ပဲ မျက်တောင်ခက်နေပါစေ သူ့မျက်လုံးရဲ့ အမြင်အာရုံကို ပြန်မရခဲ့ပါပေ။

'' ဗိုလ်မှုး ''

အိုမီဂါလေးရဲ့ အသံကတိုးနေပေမယ့် စွမ်းအားကတော့ အပြည့်ပါပဲ။ ထိုအသံတိုးတိုးလေးက ဟန်ကျွမ်းချွမ်ရဲ့ နားထဲကို တီးတိုးကျယ်လောင်စွာ ဝင်ရောက် ဖုံးလွှမ်း သွားလေတော့တယ်။

အန်းမူက သူ့ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ အရာက ဘာလဲဆိုတာကို သေချာကြည့်လိုက်တယ်။ ကြည့်ရတာတော့ ဒါက ကျောက်တုံး ဖြစ်ဟန်ပါပဲ။ သူ့ခေါင်းက အရမ်းကို နာကျင်နေတာကြောင့် သူ့အနေနဲ့ သာမန်ကို မတွေးနိုင်တော့ပါပေ။ ဒါကြောင့် အန်းမူက အယ်ဖာကြီး သူ့ကို ဂရုစိုက် မိစေဖို့ရန် အားနည်းစွာနဲ့ အော်သံပြုလိုက်လေတယ်။

'' အန်းမူ! ''

ဟန်ကျွမ်းချွမ်ကို ကြည့်ရတာ အန်းမူ ထက်တောင် အတော်လေးကို ဖြူဖျော့လို့ နေခဲ့ပါပြီ။ သူက သူ့လက်မောင်းထဲက အိုမီဂါလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား လေတော့တယ်။ မြေပြင်ကျယ် ကွင်းပြင်ထဲမှာ ရပ်နေတဲ့ စစ်သားတစ်ယောက်က ဟန်ကျွမ်းချွမ် တစ်ယောက် ပြေးထွက် လာတာကို တွေ့လိုက်ရ တဲ့အခါမှာ တော့ သူ့ကို ကူညီ ပေးဖို့ရာ အရှေ့ကို တိုးလာခဲ့လေ တယ်။ ဒါပေမယ့် ကံမကောင်း စွာနဲ့ပဲ ဟန်ကျွမ်းချွမ် က သူ့ကို ထိချိန်တောင် မပေးခဲ့ပါဘူး။ သူ့လက်ထဲမှာ ဒဏ်ရာ ရနေတဲ့ အိုမီဂါလေးကို ပွေ့ပိုက်ထားလေတယ်။

'' အရေးပေါ်ကိစ္စ  ဆရာဝန်ကို လိုအပ်နေတယ်... ဆရာဝန် ခေါ်ကြစမ်း ''

ထို အသံကိုကြားတဲ့ အခါမှာတော့ ချောင်ရှောင်ပိုင် က သူတို့ဆီလာခဲ့လေတယ်။ ထိုအ​ခြေအနေကို တွေ့လိုက်ရတဲ့ အခါမှာတော့ သူမငိုပဲ မနေနိုင်တော့ပါပေ။ ယန်ဟဲက အမြန်ပဲ အနည်းငယ် ဖရိုဖရဲ နဲ့ လူကိုဘေးဘက် ဆီကို ဆွဲဖယ်လိုက်တယ်။ ပြီးတော့ ချောင်ရှောင်ပိုင် တစ်ယောက် ကောင်းကောင်း ငိုနိုင်ဖို့ရာ သူ့ပုခုံးတွေကို ငှားပေးလိုက်ပါတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now