EPISODE (1)

83.6K 2.4K 46
                                    

Unicode
အိမ်တော်သခင်လေး၏ပြန်လည်နိုးထခြင်း

နာကျင်မှုကြောင့်မျက်လုံးကိုဖွင့်ကြည့်မိသည်နှင့် ရွှေဝါရောင်တောက်နေသောဇာပုဝါအပါး‌ကိုအရင်ဆုံးမြင်လိုက်ရသည်။‌ ခေါင်းကနည်းနည်းနောက်နေပြီး ဘေးဘက်ကိုလှည့်ကြည့်လိုက်‌တော့သူရောက်နေတာက ရွှေချည်ခတ်ခြင်ထောင်ကြီး။

အနည်းငယ်အားနည်းနေပေမယ့်အားယူပြီးထကြည့်လိုက်လေရာ မိမိ၏ကုတင်ရှေ့တွင်လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၊ငယ်ရွယ်ပုံရသည့်အမျိုးသမီးတစ်ဦးနှင့်‌ ချောမောသည့်လူငယ်လေးယောက်ကိုတွေ့ရသည်။

"နောက်ဆုံးတော့သခင်ငယ်လေးကအချိန်မီ နိုးထလာနိုင်ခဲ့ပြီပဲ"

အသံလာရာကိုလှည့်ကြည့်မိတော့မိမိကုတင်၏ထောင့်လေးထောင့်တွင်သက်လတ်ပိုင်းအရွယ်လူကြီးလေး‌ယောက်တရားထိုင်သည့်ပုံစံဖြင့်လေပေါ်ပျံနေပုံရသည်။ဟန်တျာမိမိ၏မှတ်ဉာဏ်ကိုပြန်အစဖော်ကြည့်ရာ၎င်းတို့မှာမိမိတို့ယာ၀အိမ်တော်၏ နာယကအကြီးအကဲလေးယောက်ပင်ဖြစ်လေသည်။

အိမ်တော်သခင်ကြီးဖြစ်သည့်ဦးမင်းမျိုးယာ၀သည်၎င်း၏စိတ်အတွင်း၌စိုးရိမ်နေခြင်းရှိသော်လည်း မျက်နှာတွင် လုံး၀ဖော်မပြဘဲရှိလျက်။

"ဟန်တျာရဲ့ပြန်လည်နိုးထမှုအတွက်နာယကအကြီးအကဲတို့ကိုကျေးဇူးတင်ပါတယ်ရှင်"

ယာ၀သခင်မကြီးကကျေးဇူးတင်စကားဆိုလိုက်ရာ နာယကအကြီးအကဲလေးယောက်ကပြုံးရုံမျှသာပြုံးသည်။ဟန်တျာယာ၀သည် ယာ၀အိမ်တော်၏အငယ်ဆုံးသားဖြစ်ပြီးယာ၀အိမ်တော်၏ဆက်ခံသူဆိုလည်းမမှားနိုင်ပေ။ယခုမူသွေးစက်ပြောင်းကောင်းကင်စာချုပ်ကြောင့် တစ်လတာမျှခန္ဓာအသွင်ပြောင်းရေးအတွင်း မေ့မျောနေခြင်းဖြစ်သည်။

ဟန်တျာသည်မိမိ၏ခန္ဓာအားစိတ်စွမ်းအားကိုအသုံးပြု၍စစ်ဆေးကြည့်ရာ ခန္ဓာတွင်းပြောင်းလဲမှုမှာအောင်မြင်သည်ကိုတွေ့လိုက်ရ၏။

"ကျွန်တော့်အသွင် ပြောင်းရေးအတွက်ကြိုးပမ်းမှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်"

ဟန်တျာကအမှန်တော့ခန္ဓာအသွင်ပြောင်းရေးအတွင်းစိတ်စွမ်းအားထိုး‌ဖောက်မှုမခံနိုင်ခြင်းကြောင့်သေဆုံးသွားခဲ့ပြီးဖြစ်သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now