EPISODE (75)

6.4K 634 41
                                    

Unicode
ယခင်အပိုင်းမှအဆက်

"ဒုတိယပွဲစဉ်ကိုစတင်မယ့်နေရာမှာ မူလကသမာရိုးကျနည်းလမ်း‌အတိုင်းစတင်ဖို့ပြုလုပ်ထားပေမယ့် အရှင်ဧကရီရဲ့အမိန့်တော်အရ ပွဲစဉ်လေးခုကိုတစ်ပြိုင်တည်းလုပ်ဆောင်ဖို့ဖြစ်ပါတယ်"

စစ်သူကြီး၏စကားသံဆုံးသွားသည်နှင့် အားလုံးသည် အချင်းချင်းထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်ကြပြီးမေးခွန်းများတန်းစီသွားကြသည်။
ပုံမှန်အားဖြင့် ပွဲစဉ်ငါးခုကိုအစဉ်လိုက်ပြုလုပ်သွားလေ့ရှိပြီး အများစု၌ အနိုင်ရရှိသူကို အမြင့်ဆုံးအခွင့်အရေးပေးမည်ဖြစ်သည်။

ယခုကတော့ ဘယ်လိုလုပ် ကျန်ပွဲစဉ်တွေအကုန်လုံးကိုပေါင်းမှာလဲ?

ဟန်တျာ ဧကရာဇ်ကို အနည်းငယ်ပြုံးပြကာ သလွန်ပေါ်မှထလိုက်ပြီး မြို့ရိုးအောက်ကို ငုံ့ကြည့်ကာစကားစလိုက်သည်။

"ကျွန်ုပ်ရဲ့အကြံတချို့ကြောင့်စိတ်အနှောက်အယှက်တစ်စုံတစ်ရာများဖြစ်သွားခဲ့ရင် ကြိုပြီးမေတ္တာရပ်ခံပါတယ်။အဟင်း...ဒါပေမယ့်တိုင်းပြည်ရဲ့ထိပ်သီးမင်းသားငယ်တွေနဲ့မင်းသမီးငယ်တွေနဲ့ပါ ပက်သက်တာမို့ ကျွန်ုပ်ရဲ့အကြံကစိတ်လှုပ်ရှားစရာကောင်းမှာအသေအချာပါပဲ။"

သက်လတ်ပိုင်းအရွယ်ရောက်နေသော်လည်း ဧကရီတစ်ပါး၏အရှိန်အဝါနှင့် နတ်ဒေဝါအလှတရားတို့ ‌ပေါင်းစပ်ထားသည့် ဟန်တျာ၏အလှသည် နန်းဆန် နေဆဲ။တတိယမင်းသားငယ်က လှသွေးကြွယ်ကာငယ်ရွယ်သည့်အလှတရားဟုဆိုပါလျှင် ဖခင်ဖြစ်သူဧကရီဟန်တျာက ရင့်ကျက်ကာတည်ငြိမ်သည့် အလှတရားဖြစ်သည် ဟုခေါင်းစဉ်ခွဲတပ်၍ရနေသေးသည်။

အေးချမ်းကာနား၀င်ချိုသည့် အသံလေးက ပရိတ်သတ်ထံရောက်သွားသည့်အခါ အထွန့်တက်ဖို့ မပြောနဲ့ တော်၀င်အလှတရားထံမှာနစ်မြုပ်သွားသူများကသာများနေသည်မို့ သတိပြန်ယူနေရသူများသာများပြားလှသည်။

"ဒီတော့ ပြိုင်ပွဲ၀င်များအနေနဲ့ ကျွန်ုပ်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်အချို့ကိုလိုက်နာပြီး အနောက်ဘက် ယောဟန် တောအုပ်ထဲက မဟာဂီဏီရတနာကိုဆောင်ယူနိုင်မယ်ဆိုရင် အနိုင်ရရှိသူလို့သတ်မှတ်ပါ့မယ်။အကယ်၍မဟာဂီဏီရတနာကိုမရလိုက်ဘူးဆိုရင်တော့ မဟာဂီဏီရတနာရဲ့စောင့်ရှောက်သူ မြွေနဂါးသတ္တ၀ါကိုအရယူနိုင်မယ်ဆိုရင်ဒုတိယအောင်နိုင်သူအဖြစ်သတ်မှတ်ပေးပါမယ်။အခြားအခြားသော ရတနာတွေကိုတော့ ကြီးကြပ်ရေးစစ်သူကြီးတွေက အဆင့်သတ်မှတ်ပြီးခွဲခြမ်းပေးမှာမို့ ပြိုင်ပွဲကရိုးရှင်းနေမှာပါ"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now