EPISODE (50)

7.8K 812 68
                                    

Unicode
တစ်တိုင်းပြည်လုံးပျော်ရွှင်ပွဲဆင်နွှဲ။

ဧကရာဇ်သည် ထိုနေ့တွင်ပင် ဧကရီအား ကျန်းမာကြံ့ခိုင်ပြီးနှစ်လိုဖွယ်ကောင်းသည့်သားတော်များအားမွေးဖွားပေးသည့်အတွက် အမြင့်ဆုံးဘွဲ့တော်တစ်ခုကိုပေးအပ်ခဲ့ပြီး တစ်တိုင်းပြည်လုံးအား အတိုင်းအတာတစ်ခုအထိ အခွန်တော်များလျှော့ပေါ့ပေးခဲ့သည်။ထို့အပြင် လမ်းဆုံလမ်းမနှင့်လူစည်ကားရာနေရာများတွင် မင်းသားလေးများ၏မွေးဖွားခြင်းအထိမ်းအမှတ် အဖြစ် အများပြည်သူများအား ယာဂုနှင့် အခြားဟင်းလျာများကိုပါဝေငှပေးခဲ့သည်။

သေချာပေါက်ပင် နဂိုကြည်ညိုရင်းစွဲရှိသူပြည်သူအများမှာ ယခုကိစ္စများကြောင့် တော်၀င်မိသားစုအပေါ်၌ တိုး၍ပင် ကြည်ညိုလာကြပြီးဧကရာဇ်နှင့်သားတော်များ၏ဂုဏ်သတင်းသည် အရှိန်အဟုန်ဖြင့်မြင့်တက်လာတော့သည်။

နဂို စစ်ထွက်တိုက်ရန် ကန့်ကွက်လိုသည့် အဖွဲ့အစည်းများသည်ပင်လျှင် မင်းသားများ၏မွေးဖွားမှုသတင်းကြောင့် သဘောထားများပျော့ပျောင်းသွားကြပြီး ၎င်းတို့၏ပါးစပ်ကိုပိတ်ကာ ငြိမ်သက်သွားကြတော့သည်။

သူတို့အနေနှင့် အရင်က စစ်ပွဲကြီးတွင် နိုင်သည်ဖြစ်စေရှူံးသည်ဖြစ်စေ နှစ်ဖက်ပေးဆပ်ရမည်မှာပမာဏကြီးနိုင်သည်ကိုတွက်ဆမိသဖြင့် ရိုးရှင်းစွာဝန်ခံရပါက ထိုစစ်ပွဲအားမစတင်လိုပေ။ဧကရာဇ်ရဲ့သားတော်တစ်ပါး လုပ်ကြံခံလိုက်ရတာတောင်မှာပေါ့...။

ယခုတော့ သားတော်နှစ်ပါးက လွန်စွာကျန်းမာကြံ့ခိုင်နေကြပြီး ကောင်းကင်ဘုံ၏ကောင်းချီးကလည်းရှိနေသဖြင့် အနည်းငယ်ဖြေသာသွားနိုင်ကြပြီဖြစ်သည်။

စစ်မက်လေ့ကျင့်ရေးကွင်းပြင်၌လည်း ထောင်ပေါင်းများစွာသောရဲမက်များသည် ၎င်းတို့အရှင်နှစ်ပါး၏ရင်သွေးငယ်များအတွက် ၀မ်းသာမဆုံးဖြစ်နေကြပြီး ပျော်ရွှင်စွာ ကခုန်နေကြသည်။

ဧကရာဇ်၏နန်းဆောင်ထဲတွင် ဧကရာဇ်သည် အထဲမှ လူအုပ်ကြီးအားမနည်းခွဲလိုက်ရပြီးနောက်ဆုံးကျန်သူများထွက်သွားမှ သက်ပြင်းချနိုင်တော့သည်။
အရေးထဲ အရီးတော်များက ကလေးထိန်းဖို့ ကိုမရမက လုယူသွားလိုက်သေးတယ်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now