EPISODE (54)

7K 690 20
                                    

Unicode
သူ့ရဲ့တည်ရှိမှု

အမှောင်လောက၏တံတိုင်းကြီးအတွင်း၌များပြားလှသည့်နက်မှောင်သည့်အိမ်များစွာသည် စီရီသပ်ရပ်စွာတည်ရှိနေပြီး လမ်းမကြီးနှင့်လမ်းသွယ်များကလည်းသပ်သပ်ရပ်ရပ်ဖြင့် ဖြောင့်တန်းနေသည်။

ထိုလမ်းမများ၊အိမ်များအတွင်း၌မူ ကြောက်မက်ဖွယ်ရာပုံစံမျိုးစုံဖြင့် မကောင်းဆိုးရွားများနှင့်စုန်းကဝေများ အပြင် ထူးဆန်းသော အမှောင် လောကသား သားရဲများစွာက သွားလာလှုပ်ရှားနေကြသည်။ဥပမာအားဖြင့် ခေါင်းပြတ်နေကာ လည်ပင်းမှသွေးတန်းလန်းဖြင့် လမ်းလျှောက်နေသည့် အလောင်းကောင်ကြီးများ၊လမ်းမများပေါ်တွင် တွားသွားနေသော ဦးဏှောက်ပွင့်နေသည့် လူသေအလောင်းများနှင့်အတူ မကောင်းဆိုးရွားခွေးနက်ကြီးများ၊အမျိုးမျိုး‌သော လင်းတပုံစံပြောင်းထားသည့်စုန်းကဝေများစွာ ရှိကြသည်။

အချို့မှာလည်း ပကတိလူပုံစံများဖြင့် နေထိုင်သွားလာနေကြသည်။အမှန်တော့သူတို့သည်လည်းတစ်နည်းနည်းဖြင့်အမှောင်လောကသားများသာဖြစ်ပြီး လူပုံစံဖြစ်နေသည့်ကဝေကြီးများနှင့် အဆင့်မြင့် မိစ္ဆာများဖြစ်နိုင်သည်။

အမှောင်လောကတွင် တိုင်းသူပြည်သားများအားလုံးသည် တိုင်းပြည်၏ စစ်သည်တော်များဖြစ်ပြီးမုဆိုးများလည်းဖြစ်သည်။၎င်းတို့သည် အလှည့်ကျတာ၀န်ဖြင့် တံတိုင်းကြီးကို ကင်းလှည့်စောင့်ရှောက်ကြရပြီးတာ၀န်နားသည့် အချိန်တွင် အေးချမ်းစွာ ပြည်သူဘ၀ဖြင့် တိုင်းပြည်အတွင်းလှည့်လည်နေထိုင်နိုင်လေသည်။သေချာပေါက် သားကောင်များကိုအမဲလိုက်စားသောက်တာလည်းပါတာပေါ့။

အမှောင်လောက၏အုပ်ချုပ်သူအရှင်သည်လွန်စွာအစွမ်းထက်သည့် နဂါးမိစ္ဆာတစ်ပါးဖြစ်ပြီး ၎င်း၏နေရာကိုအခြေခိုင်အောင်လုပ်သည့်နေရာတွင် ယခင်အ‌မှောင်လောကအရှင်နှင့်မျိုးနွယ်စုတစ်ခုလုံးအားသုတ်သင်ခဲ့သည်ဟုဆိုကြသည်။ယခင်အရှင်၏ထောက်ခံသူများမှာ ကန့်ကွက်လိုကြသော်လည်း အစွမ်းထက်သည့် အရှင်၏အနားတွင် အဆင့်မြင့် နတ်သူငယ်အရှင်ဖြစ်သည့်၎င်း၏ကြင်ယာတော်ကပါတည်ရှိနေသောကြောင့် လက်လျှော့လိုက်ရသည်။ယခုအခါ အမှောင်လောကနန်း တော်၏တန်ခိုးအာဏာသည် ပြိုင်ဘက်ကင်း ကြီးထွားနေပြီး မည်သူမျှပုန်ကန်ရန်မဝံ့ရဲသဖြင့် တိုင်းပြည်သည် ငြိမ်သက်ပိပြားစွာဖြင့်သာ ရှိသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now