EPISODE (12)

10.7K 1.1K 32
                                    

Unicode
ကိုယ်တိုင်မွေးပါလားဇနီးလေး။သူများကလေးကိုအလွတ်ပေးလိုက်လေကွာ။

ဧကရာဇ်၀င်လာသည်ကိုမြင်သောအခါ ဘဒ္ဒစုသီသည် ချက်ချင်းပင် သနားစဖွယ်အသံဖြင့်

"မိမိက မင်းသမီးကြီးအတွက်တရားမျှတမှုကိုရှာပေးချင်ရုံပါဘုရား။ဧကရီအရှင်မြတ်ရဲ့ ဆံထိုးက လုပ်ကြံသူရဲ့လက်ထဲမှာပါဘုရား။"

"ဧကရီရဲ့ဆံထိုးကိုးခုမှာ တစ်ခုပျောက်နေတာတော့ ဟုတ်ပါရဲ့၊တစ်ခုက ကျွန်ုပ်ရဲ့လက်ထဲရောက်နေပေရဲ့ကွယ်။ဒီလုပ်ကြံသူဆီက ဆံထိုးကအတုဖြစ်ပေလိမ့်မယ်။"

ဧကရာဇ်က ဧကရီ၏နေရာတွင်ထိုင်ကာဧကရီကိုတစ်ချက်ကြည့်ပြီးပြောလိုက်သည်။ထို့နောက် ရဲမက်ခေါင်းဆောင်ကိုကြည့်ကာ

"ဒီအမှုကိုမောင်မင်းတို့ကိုလွှဲပေးလိုက်မယ်၊‌အကောင်းဆုံးအဖြေထွကိဖို့မျှော်လင့်တယ်"ဟုဆိုလိုက်ရာ ရဲမက်ခေါင်းဆောင်က ချက်ချင်းနာခံပြီး လုပ်ကြံသူကို ခေါ်ကာ ရဲမက်များဖြင့်ထွက်သွားလေသည်။

"အမတော်ရဲ့နန်းဆောင်လုံခြုံရေးအတွက်နန်းတွင်းစစ်သည်တော်များပါ တာ၀န်ချပေးဖို့ ကိုယ်‌ေတာ်အမိန့်ချတယ်။"

အထိန်းတော်ကြီးဘက်သို့လှည့်ကာ အမိန့်ပေးလိုက်လေသည်။

"အမတော်ကတော့ကျွန်ုပ်ရဲ့အနောက်ဆောင်တစ်ခုလုံးကို အတွေ့အကြုံရစေလိုက်တာဘဲ။ဧကရီက အချိန်မှီကယ်တင်ပေးလိုက် ဆိုတော့ ကျွန်ုပ်ဘာချီးမြှင့်ပေးရမလဲ ပြောပါလေ။ကျွန်ုပ်အမတော်ရဲ့အသက်က တန်ဖိုးများစွာကြီးမားတဲ့ အရာဖြစ်သင့်တယ်နော်။"

ဧကရာဇ်ကဟန်တျာအားဤသို့ ပြောလိုက်ရာ ကျန်သည့် မိဖုရားများမှာ အားကျသည့်၊မနာလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရလေသည်။
ဟန်တျာသည်လည်းထို မျက်နှာများအားခံစားမိသည်ဖြစ်ရာယခင်ဘ၀၏ ခံစားချက်များမှ အခြေအနေတစ်ခုအားတွေးမိလေရာ

" အရှင်သာခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်မျိုးက အရှင့်ရဲ့ပထမဆုံးမင်းသားလေးကို မွေးစားချင်ပါတယ်ဘုရား။"ဟုပြောလေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now