EPISODE (68)

5.3K 679 21
                                    

Unicode
အံတုမှုကကြာကြာမခံ

"ပြန်လည်စဉ်းစားတော်မူပါဦး အရှင်"

တူညီစွာပေါ်ထွက်လာသော ညီလာခံအမတ်ကြီးများ၏အသံက ဆက္ကနန္ဒကိုစိတ်ရှုပ်စေသည်။အရှင်ဧကရာဇ်ပြန်လည်ကြွလာပြီဟူ၍ပျော်ရွှင်စွာ ကြိုဆိုနှုတ်ဆက်ကာ ဂါရ၀ပြုကြသော်လည်း ဘဒ္ဒစုသီကိုယ်လုပ်တော်အား အရှင်ဧကရီမှ အကျယ်ချုပ်ချလိုက်ကြောင်းသတင်းကိုကြားသည်နှင့်တစ်ပြိုက်နက် ဤလူအိုကြီးများကတစ်ညီတစ်ညွတ်တည်းပင် ဘဒ္ဒစုသီဘက်မှ ကူ၍ပြောပေးကြသည်။

သူတို့ပြောသည်က တော်၀င်သွေးသားများ၏မိခင်ဖြစ်သည်မို့ ညှာတာထောက်ထားသင့်ကြောင်းနှင့် ကိုယ်လုပ်တော်အဖြစ်မှရာထူးတက်သင့်ကြောင်းများဖြစ်သည်။

ဧကရာဇ် အနေနှင့်ဤအချင်းအရာကို ကြည့်ခြင်းဖြင့် မိမိတို့မရှိသည့် နှစ်များအတွင်း ဘဒ္ဒစုသီ၏အင်အားမှာတော်ရုံတိုးလာခြင်းမဟုတ်ကြောင်းခံစားမိလိုက်သည်။

"ကိုယ်တော်က အနောက်နန်းဆောင်အတွက်တာ၀န်ရှိတဲ့သူမဟုတ်ဘူး။နောက်ပြီး ဒါကဧကရီရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။မောင်မင်းတို့ တိုက်တွန်းလိုရင် ဧကရီကိုပဲ တိုက်ရိုက်လျှောက်ထားသင့်တယ်"

ဧကရာဇ်စကားကိုခပ်ပြတ်ပြတ်ပြောကာ အစီရင်ခံစာများအား တစ်ခုချင်းစီကြည့်နေလိုက်သည်။

မှုးမတ်အဘိုးအိုများသည် ကူရာကယ်ရာမဲသကဲ့သို့ခံစားလိုက်ရသည်။ယခင်ကဒေါသကြီးတဲ့ ဧကရာဇ်ကိုတောင် နည်းနည်းပါးပါး နှူးနှပ်ပြီး ပြောလိုက်ရင် လိုက်လျောပေးဦးမယ်။ဧကရီကတော့လား....။

အဘိုးအိုများ၏အတွေးများ၌ရက်စက်ကာသွေးဆာသည့် ဧကရီ၏ ဧကရာဇ်သလွန်ပေါ်မှနေ့ရက်များကိုမြင်ယောင်မိကြသည်။လူတွေကို ကြက်ကလေးငှက်ကလေးလိုသတ်နိုင်တဲ့ ဧကရီတစ်ပါးကို ဘယ်သူကအသက်နဲ့ရင်းပြီးသွား လျှောက်ထားရဲကြမလဲ? ဒီအဘိုးကြီးတွေက လူတွေအိုနေပြီဆိုပေမယ့် လူ့ဘ၀မှာ ဒီထက်ပို ပြီးတော့နေချင်ပါသေးတယ်!

"အရှင်...ကျွန်တော်မျိုးတို့က သွား‌လျှောက်ပါကအနောက်နန်းဆောင်ရဲ့ ကိစ္စများကို၀င်ရောက်စွက်ဖက်သလိုဖြစ်ပြီး ကျွန်တော်မျိုးတို့အမျက်တော်ရှခံရပါလိမ့်မယ်ဘုရား"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now