EPISODE (4)

14.3K 1.3K 13
                                    

Unicode
ငါ့ခင်ပွန်းလောင်းကအသက်ကြီးရုံတင်မဟုတ်ဘူး၊ဒေါသကလည်းကြီးသေးတယ်တဲ့ !

ဥယျာဉ်သခင်ဧကရီအဆင့်သည်စိတ်စွမ်းအားအဆင့်(၁၀)အထိပင်ရှိနိုင်သည်။ထို့အပြင်အလွန်ရှားပါးပြီးမြင့်မြတ်လှသည်ဟုတစ်လောကလုံးကယူဆထားကြသည်။ဥယျာဉ်သခင်နတ်သူငယ်သည်ကောင်းကင်ဘုံရှိနတ်ဥယျာဉ်အတွင်းတွင်ရှိ‌သော သလင်းဗိမ္မာန်၌သာအမြဲစံမြန်းလေ့ရှိပြီး၎င်းသည်ကမ္ဘာတစ်ခုတွင်ငါးပါးသာပေါ်ထွန်းတတ်၏။ထို့အပြင် ပေါ်ထွန်းရာအချိန်သည်လည်းတစ်ပါးနှင့်တစ်ပါးမတူညီကြချေ။

ဥယျာဉ်သခင်တို့သည် နတ်ဒေဝါများလောက်စိတ်စွမ်းအားမမြင့်ကြသော်လည်း မွေးရာပါ ပါရမီစွမ်းအားကြောင့်ကမ္ဘာပေါ်ရှိသတ္တဝါတိုင်းထက်မူသာလွန်ကြလေသည်။ယခုကမ္ဘာတွင်ဥယျာဉ်သခင်နတ်သူငယ်သုံးပါးပေါ်ထွက်ပြီးဖြစ်ရာ လူတိုင်းသည် ဤယာ၀သခင်လေး မည်သည့် နတ်သူငယ်သခင်၀င်စားသနည်းကိုအတွေးကြပ်နေကြ၏။
ကောင်းကင်ဘုံတွင် လက်ရှိဥယျာဉ်သခင်နတ်သူငယ်သုံးပါးတွင် အကြီးဆုံးဖြစ်သော မဟာအလင်္ကာမှာ စိတ်စွမ်းအား အဆင့်မြင့်ဆုံးဖြစ်ပြီးနတ်သူငယ်အဆင့်ကိုပင်ကျော်ဖြတ်တော့မည်ဟုသတင်းထွက်နေပြီဖြစ်သည်။ဒုတိယဥယျာဥ်သခင်လေးမှာမူ ကောင်းကင်ဘုံ၏ နတ်သူငယ်နယ်မြေသို့ အမှောင်လောကသခင်၏တပ်များ ကျူးကျော်တိုက်ခိုက်မှုကိုခုခံရင်း ဒဏ်ရာရသွားကာ အမှောင်သခင်၏သိမ်းပိုက်မှုကိုခံခဲ့ရသည်။အချို့သော အမှောင်လောကရောက်သူသျှိုများ၏ပြောပြချက်များမှာမူ အမှောင် လောကတွင်ဒုတိယဥယျာဉ်သခင်လေး မူလအလင်္ကာ ဟူသောအမည်ပျောက်ကာအနောက်ဆောင်သခင်ကြီးဟူ၍ဖြစ်ပြန်သည်မည်သို့ပင်ဆိုစေကာမူပထမဥယျာဥ်သခင်လေးသည်ညီငယ်ကိုပြန်လည်ရရှိစေရန်ကြိုးစားလျက်ရှိသည်။ထိုအထဲတွင်အငယ်ဆုံးဖြစ်သူမှာဥယျာဉ်ပိုင်သခင်မဖြစ်သည်။နတ်သူငယ်သမိုင်း ကြောင်းတွင်ရှားပါးသောနတ်သူငယ်ဥယျာ၌သခင်မဖြစ်ပြီးသူမ၏အလှတရားကြောင့် နတ်ဒေဝါလောကမှ နတ်ဒေဝါများကအပြိုင်အဆိုင်လာရောက်ပိုးပမ်းကြသည်။ထို့ကြောင့်သူမ၏မူလအမည် စူဠအလင်္ကာဒေဝီ ကိုမည်သူမျှမခေါ်ကြဘဲ ရူပါဒေဝီသခင်မ ဟူ၍ခေါ်လေ့ရှိသည်။
ရူပါဒေဝီသည် ကျန်နတ်သူငယ်များနှင့်မတူဘဲ သီးခြားဆန်စွာနေတတ်သည်။သူမထံလာရောက်သောအမျိုးကောင်းသားနတ်‌ဒေ၀ါများကိုယဉ်ယဉ်ကျေးကျေးပင် လှည့်မကြည့်ဘဲငြင်းလွှတ်လေ့ရှိသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now