EPISODE (18)

10K 980 27
                                    

Unicode
ဧကရီရဲ့အမာခံအဖွဲ့၀င်သစ်

ဧကရီ၏ဧည့်ခန်းမဆောင်တွင်ဖြစ်သည်။

ဟန်တျာသည်သလွန်ပေါ်မှနေ၍ ဒုတိယမိဖုရားနှစ်ပါးအားကြည့်ကာပြုံးလိုက်မိသည်။သူမတို့သည်တော်၀င်သားရဲကို နဖူးတွေ့ဒူး တွေ့ တွေ့မြင်ရန် စိုးထိတ် နေကြကာမျက်စိပျက်မျက်နှာပျက်ဖြစ်‌နေကြသည်။

"ဟို ဟိုလေ ဧကရီဘုရား၊စိတ်စွမ်းအားမြင့်သားရဲဆိုတော့ အန္တရာယ်ပေးမှာ ကြောက်ရွံ့မိပါတယ်ဘုရား။"
ဒုတိယမိဘုရား(၂)က အနည်းငယ်နီရဲနေသောမျက်နှာပေးဖြင့်ပြောလိုက်သည်။

"အိုရ်.. မိမိတို့ မစိုးရိမ်ပါနဲ့‌၊ သားရဲထိန်းကျောင်းကအမတ်ချုပ်ကြီးပါ လာရောက်ပြီးခစားမှာဖြစ်လို့ မိမိတို့ မစိုးရိမ်ပါနဲ့ကွယ်။"

"ဒီလိုဆိုရင်တော့ကောင်းပါပြီဘုရား။"

မိဖုရားနှစ်ပါးသည်ပြိုင်တူပင်သက်ပြင်းချမိသည်။မတော်တဆများသူမတို့ကို သားရဲကောင်က အန္တရာယ်ပြုခဲ့လျှင် သူမတို့အနေနှင့် မည်သို့မျှမခုခံနိုင်ပေ။ဧကရီ၏အနောက်သို့သာပြေး၀င်ရမည်ဖြစ်သည်။

ဟွန်း...သင်း,အန္တရာယ်ဖြစ်လည်းခဏပေါ့၊ ဧကရာဇ်ကသူ့ကိုဂရုစိုက်တာဘဲ၊ တော်၀င်နတ်ဆေးတွေနဲ့ကုသပေးလိုက်ရင်ချက်ချင်းသက်သာမှာကိုများ!

"ဧကရီအရှင်ဘုရား...တော်၀င်သားရဲထိန်းကျောင်းမှအမတ်ချုပ်ကြီးဦးပတ္တိယအခစား၀င်ကြောင်းပါ ဘုရား။"

မကြာမီပင်ဧကရီနန်းဆောင်၏ အပြင်ပိုင်းခစားသူနန်းတွင်းသူလေးမှ လျှောက်တင်သည်။

"၀င်စေကွယ်။"

ဧကရီကခွင့်ပြုလိုက်သောအခါ ၎င်း၏အသက်ကိုခန့်မှန်း၍မရသောအဖိုးအိုတစ်ယောက်သည် အဆင့်မြင့်အမတ်ချုပ်၀တ်စုံကို၀တ်ဆင်လျက် နန်းဆောင်ထဲသို့၀င်ရောက်လာသည်။

ထိုအခါ ဒုတိယမိဖုရားနှစ်ပါးသည် မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။အမတ်ချုပ်ကြီးသည် ထိုအချင်းအရာကိုမြင်သော် ခေါင်းငြိတ်လိုက်ပြီး သလွန်ပေါ်မှ ဧကရီအရှင်မြတ်အား မော့ကြည့်ကာ ကြမ်းပြင်တွင် ၀ပ်တွားကာ အရိုအသေပြုရန်လုပ်ဆောင်စဉ်တွင် ဟန်တျာက လက်ဟန်ပြလိုက်ရာ ဘေးနားရှိ အမျိုးသားအထိန်းတော်မှ အဖိုးအိုအား လက်ကူတွဲကာ နေရာထိုင်ခင်း‌တွင် ထိုင်စေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now