EPISODE (20)

9.5K 950 29
                                    

Unicode
နောက်ကျောကထိုးတဲ့ဓား

ဧကရီနန်းဆောင်ဧည့်ခန်းမအတွင်းရှိလူများသည် ရုတ်တရက်သုတ်သင်ခံလိုက်ရသောအဖြစ်အပျက်များကိုမြင်လိုက်သောအခါ ကြက်သေသေနေကြသည်။သူမတို့တွင်ကြောက်လန့်၍အော်ဟစ်ရန်အခွင့်အရေးလည်းမရှိသလို၊ပါ၀င်ဖို့ရန်လည်းသတ္တိမရှိပေ။ထိုအထဲတွင် အဆိုးဆုံးမှာ ဧကရီနန်းဆောင်ကိုရှာဖွေဖို့ရန် ထအော်ခဲ့သူ ကိုယ်လုပ်တော်ဖြစ်သည်။

သူမသည်မယ်တော်ကြီးပေးသောမက်လုံးကိုသာ ကြည့်ခဲ့မိပြီး နောက်ထပ်ဖြစ်လာနိုင်သောအန္တရာယ်ကိုမသိမြင်နိုင်ခဲ့သဖြင့်မစဉ်းစားဘဲလုပ်သကဲ့သို့ဖြစ်နေတော့သည်။ယခု မိမိရှေ့ရှိ အထိန်းတော်များနှင့်အစေခံများ မျက်စိ‌ ရှေ့တွင်ကွပ်မျက်ခံရသည်ကိုမြင်လိုက်ရသောအခါ သူမသည် ချွေးသီးချွေးပေါက်များကျလာကာအလွန်အမင်းပင်တုန်လှုပ်လျက်ရှိသည်။

အခြားသောမိဖုရားများနှင့်ကိုယ်လုပ်တော်များသည်ပင် သူမအနားသို့ သွားရောက်ကာ မနှစ်သိမ့်ရဲတော့ပေ။သူမ၏အဖေ သည် မထင်မရှား အမတ်ငယ်တစ်ဦးသာဖြစ်ပြီး ဧကရီမယ်တော်ကြီးဘက်သို့ယိမ်းသော အမတ်အုပ်စုမှဖြစ်သည်။ ယခု သူမကိုယ်လုပ်တော်ဖြစ်လာသောအခါ ဧကရီမယ်တော်ကြီးနှင့် တော်၀င်မိဖုရားကြီးအားခစားရန်သူမမိသားစုမှမှာကြားထားသည့်အတွက် ယမန်နေ့က ဧကရီမယ်တော်ကြီး အခေါ်တော်လွှတ်သောအခါ၀မ်းသာအားရသွားရောက်ခြင်းဖြစ်သည်။

ယမန်နေ့မွန်းလွဲ၊ကိုယ်လုပ်‌တော်နန်းဆောင် တွင်ဖြစ်သည်။

"မယ်မယ်ဘုရား၊ဧကရီမယ်တော်ကြီးရဲ့အဆောင်မှ နန်းတွင်းသူရောက်လာကြောင်းပါဘုရား။"

"မြန်မြန်၀င်လာခိုင်းလိုက်"

"မယ်မယ့်ကိုဂါရ၀ပြုပါတယ်ရှင်။"

"ဧကရီမယ်မယ်ကမယ်မယ့်ကိုအခေါ်တော်ရှိကြောင်းပါဘုရား။"

"ကောင်းပြီ၊ကျွန်မယခုဘဲလိုက်ခဲ့ပါ့မယ်။"

နန်းတွင်သူလေးက ခေါင်းငြိတ်ပြကာအ ရှေ့မှလမ်းပြလေရာ ထိုကိုယ်လုပ်တော်သည် နောက်မှလိုက်သွားတော့သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now