EPISODE (34)

7.9K 917 101
                                    

Unicode
ပထမဆုံးသောခြေလှမ်း

"မဟာဧကရီအရှင်မြတ်ကြွလာပါပြီ"

အထိန်းတော်ကြီး၏ကြေငြာသံကြီးနှင့်အတူ ခန်းမကြီး၏တံခါးကပွင့်လာခဲ့ပြီး ပထမမင်းသား(ဝါ)ယာယီဧကရာဇ် လေးကိုပင့်ချီထားသော ဟန်တျာသည် မြင့်မြတ်သောဂုဏ်သိက္ခာဖြင့်တစ်လှမ်းချင်းကြွမြန်းလာသည်။

မဟာဧကရီ၏တည်ကြည်သောမျက်နှာထားနှင့် နတ်ဒေဝါအလှသည် ဧကရီအဖြစ်ဖြင့်နန်းတော်အတွင်းသို့၀င်ရောက်ခဲ့စဉ်ကထက်ပင်ပိုမိုထင်ရှားလာပြီး အနီရောင် ပိုးပုဆိုးနှင့် ရွှေရောင် အပေါ်၀တ်အင်္ကျီဖြင့် လိုက်ဖက်စွာ ထက်မြက်သည့်အသွင်ကိုဆောင်လျက် ခန်းမကြီးအတွင်းရှိ လူများအားလုံးကို နာခံစေနိုင်သည်။

ဧကရီ၏ပွေ့ချီခြင်းကိုခံထားရသောမင်းသားလေးကို ကြည့်ကာ တစ်စုံတစ်ခုကို ပြောချင်နေသည်က ယာ၀အိမ်တော်သခင်ကြီးဦးမင်းမျိုးယာ၀ဖြစ်သည်။စည်းမျဉ်းအရ အဆင့်မြင့်အမတ်ကြီးများနှင့် အိမ်တော်အကြီးအကဲများကိုသာဖိတ်ခေါ်ထားသော်လည်း ပင်မစစ်တပ်၏ ရာထူးကြီး‌ဗိုလ်ချုပ်များကလည်း စစ်ဦးစီးချုပ်ဗိုလ်ချုပ်မဟာမြတ်ကိုခြံရံကာ ရောက်‌ရှိနေကြပြီဖြစ်သည်။

ဦးမင်းမျိုးယာ၀သည် ဧကရီတစ်ယောက် သလွန်ဆီသို့အမြန်ရောက်ပါစေကြောင်းသာဆုတောင်းမိတော့သည်။

*ကလေးရနေတာကို ဒီလိုမကြီးမငယ်အရွယ်ကလေးကို ချီမနေတော့ ဗိုက်ထဲက ငါ့မြေးလေးကို ဘေးဖြစ်စေတော့မှာပေါ့ ဧကရီရယ်....ခက်လိုက်တာပါ့...သွားပြောလိုက်ရင်လည်း တစ်ကိုယ်ကောင်းဆန်တယ်ထင်နေဦးမယ်။ယာ၀သခင်မကြီးသာပါရင်တော့ ချက်ချင်းပြေး ပြောမယ်ထင်တယ်။အခုတော့ ...

ဟန်တျာ တစ်ယောက် သလွန်ပေါ်ရောက်ပြီး မင်းသားလေးကို ချလိုက်မှ ဦးမင်းမျိူးယာ၀တစ်ယောက် သက်ပြင်းချနိုင်တော့သည်။

"ဒီနေ့ရဲ့ညီလာခံကတော့ အားလုံးကိုအသိပေးစရာရှိလို့ပဲဖြစ်တယ်.."

ခန်းမထဲတွင် ဟန်တျာ၏ကြည်လင်ပြတ်သားသောအသံကထွက်ပေါ်လာပြီးနောက်ခန်းမတစ်ခုလုံး ငြိမ်သက်သွားတော့သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now