EPISODE (21)

9.4K 930 24
                                    

Unicode
ဖိအားတွေကအဘက်ဘက်ကလာတယ်နော်။

ဟန်တျာသည် ရေချိုးပြီးသည့်နောက်ရေချိုးဆောင်မှထွက်သောအခါ မယ်အိနှင့်မယ်ဖြူသည်အနည်းငယ်အနေခက်နေသည့်ပုံဖြင့်အဆောင်အပြင်မှစောင့်နေကြသည်။

"အဟမ်း"

"အရှင်...ဟို..ဟို."

ဟန်တျာကဘာလဲဟူသောမျက်နှာပေးဖြင့်ကြည့်ကာ လက်ထဲမှပထမမင်းသားလေးအားလည်း ဖက်ထုပ်လေးကဲ့သို့ အ၀တ်ဖြင့်ထုတ်ပိုးလျက်ပိုက်ချီထားလိုက်သည်။

မယ်အိနှင့်မယ်ဖြူတို့သည်နှစ်ယောက်သား ပြိုင်တူပင်ကြမ်းပြင်တွင်၀ပ်တွားကာတောင်းပန်ကြ၏။

"တောင်းပန်ပါတယ်အရှင်၊ကျွန်တော်မျိုးမတို့ ပထမမင်းသားလေးကို တားဆီဖို့မတတ်နိုင်ခဲ့ပါဘူး၊ကျွန်တော်မျိုးမတို့ကိုအပြစ်ပေးတော်မူပါ.."

"အော်ဟော်! သိပ်အပြစ်ဒဏ်ခံယူချင်နေကြတယ်ပေါ့လေ..ရော့ ပြင်ဆင်ပေးလိုက်၊ငါ့ဘာသာဘဲအ၀တ်အစားလဲလိုက်မယ်၊ဒင်းလေးနဲ့ဆော့ရတာပင်ပန်းလိုက်တာ၊ဟူး...."

ဟန်တျာသည် လက်ထဲမှ ဖက်ထုပ်လေးအား မယ်အိနှင့်မယ်ဖြူလက်ထဲသို့ထည့်ကာ ပင်ပန်းသွားသည့်ဟန်ဖြင့်သက်ပျင်းချလိုက်သည်။

မင်းသားလေးအား မိမိ၏သနားကြင်နာစိတ်ကြောင့်ပေပဲလား၊သို့မဟုတ် အခြားအကြောင်းအရာများကြောင့်ပေပဲလား မသိသော်လည်း ဤ ကလေးကိုမြင်လိုက်ပါက မိမိ၏မောပန်းသမျှအကုန်ပျောက်ဆုံးသွားသည်ဟုထင်ရသည်။

အမှန်တစ်ကယ်တော့ ပင်ပန်းလှသည်။တစ်ကယ့်အမှန်ပင် ပင်ပန်းလှသည်။တစ်နေကုန် အရှုပ်ထုပ်များအား ဖြည်ချလိုက်၊ငြင်းခုန်လိုက်နှင့် အနောက်ဆောင်တစ်ခွင်ပြေးလွှားနေခဲ့ရသည်။ဒီကြားထဲ သက္ကအန္တလာပြည်ရဲ့ ပူပြင်းတဲ့ရာသီဥတုကလည်းနှိပ်စက်သေး။တခြားဧကရီတွေတုန်းကတော့မသိ..ဟန်တျာတို့ဧကရီဘ၀ကတော့ နန်းတော်၀င်ခါစတည်းက တိုက်ခိုက်ရ၊‌အမှုကိစ္စတွေဖြေရှင်းရနှင့် လွန်စွာ ကိစ္စများမြောင်လှသည်။

"ပြီးတော့ မင်းသားလေးကို ညစာ,စားဖို့ပြင်ဆင်ထားခိုင်းလိုက်၊အရှင် ဘယ်အဆောင်မှာ အိပ်ဆောင်၀င်မလဲဆိုတာလည်း အနောက်ဆောင်၀န်ကိုမေးထား။"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now