EPISODE (65)

6.4K 746 42
                                    

Unicode
ဒီမျောက်ဦးနှောက်နဲ့အဘွားအိုကတော့!

ဟန်တျာတို့သုံးယောက်သား အခန်းပြင်သို့ရောက်သောအခါ ကြမ်းပြင်၌လဲကျနေသော အဘွားအိုနှင့် ၀တ်လစ်စလစ်ဖြစ်နေသော အမျိုးသမီးတစ်ဦးအားတွေ့လိုက်ရသည်။

ဧကရာဇ်က ဘေးနားမှ စောင်ပိုင်းစတစ်ခုအားထိုမိန်းမပျိုပေါ်သို့ပစ်တင်လိုက်ပြီး...။

"မင်းလေးပဲ စောင့်ကြည့်ထားဆို သူတို့ကအလန့်တကြားဖြစ်နေတာနဲ့ ကိုယ်တော်လည်း..."

"သတိလစ်အောင်ရိုက်လိုက်တယ်ဆိုပါတော့..."

ဟန်တျာကရယ်မြူးရိပ်လေးသန်းသွားကာ မေးလိုက်သည်။

ဧကရာဇ်သည် ခေါင်းကိုတစ်ချက်ပွတ်လိုက်ပြီး ခေါင်ညိတ်ပြလိုက်သည်။

"ကောင်းပြီ။ဒီနှစ်ယောက်နိုးလာမှ မေးမြန်းကြတာပေါ့"

ဟန်တျာတစ်ဖက်သို့လှည့်ကြည့်လိုက်တော့ ထိုအလောင်းကောင်လေးက မပြန်သေးသဖြင့် မျက်လုံးကိုအပေါ်လှန်မ်လိုက်သည်။သည်ဟာလေးကတစ်
ကယ့်ကိုပဟေဠိကလေးဖြစ်သည်။သနားစရာလည်းကောင်းသလို မည်သို့မှန်းမသိသောခံစားချက်လည်းရှိနေသဖြင့်ဟန်တျာတစ်ယောက် ဝေခွဲမရသော ခံစားချက်များ ဖြစ်လျက်ရှိသည်။

တုံ့ဆိုင်းနေသူကဟန်တျာဖြစ်ပေမယ့် မနေနိုင်သူဧကရာဇ်ကတော့ လက်မြန်လှသည်။မိမိဇနီးနှင့် ကပ်တွယ်နေသော အလောင်းကောင်အားမေးငေါ့ပြကာ ထွက်သွားခိုင်းလိုက်သော်လည်း ထိုငအူငအကောင်က အင်းမလှုပ် အဲမလှုပ်။ကြာတော့ စိတ်မရှိတော့ပြီဖြစ်ရာ ဧကရာဇ်တစ်ယောက် ထို အလောင်းကောင်အား ကိုင်မကာ တံခါးအပြင်ဘက်သို့လွှင့်ပစ်လိုက်သည်။

"ဘန်း"

တံခါးကို ဆောင့်ပိတ်ကာ အထဲသို့ပြန်၀င်လိုက်ရာ ဟန်တျာ၏ မကြည်သော အကြည့်များဖြင့်ကြည့်ခံလိုက်ရသဖြင့် ဧကရာဇ် သွားသာဖြီးပြနိုင်လေသည်။
သို့သော်အပြင်မှသတ္တဝါလေးအား ပြန်ခေါ်ဖို့တော့ မစဉ်းစားပေ။

မြွေပွေးကို ခါးပိုက် ပိုက်မိသလိုလုပ်ဖို့ဆက္ကနန္ဒတို့မှာအစီအစဉ်မရှိ။ကိုယ့်သွေးသားရင်းသားတော်တွေနဲ့တောင် ဇနီးလေးရဲ့ အဖက်လုပ်ခံရဖို့ မနည်းအချိန်လုနေရတာ။ မထင်ရင်မထင်သလို မေတ္တာတရားကြီးမားတဲ့ ဟန်တျာကို သာ အပြင်ကဟိုကောင်နဲ့ ပူးထားလို့ကတော့ ဒီကကပ်လို့ကိုရမှာမဟုတ်တော့ဘူး။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now