EPISODE (48)

7.7K 782 65
                                    

Unicode
စစ်အတွက်ပြင်ဆင်ဆဲကာလ

"ဟေး...ဟေး..."

"ချွမ်...ချွမ်..."

ဗဟိုတပ်မကြီး၏လေ့ကျင့်ရေးကွင်းပြင်တွင် စစ်သည်များ၏လေ့ကျင့်သံများ၊ကြုံးဝါးသံများနှင့်အတူ လက်နက်များ၏ထိခတ်သံ၊စိတ်စွမ်းအင်များ၏မြင့်မားသောဖိအားများကသက်ရောက်လျက်လွန်စွာပင် စည်ကားလျက်ရှိသည်။

အရှင်ဧကရာဇ်နှင့်ဗိုလ်ချုပ်မဟာမြတ်တို့သည် နှစ်ထပ်မျှော်စင်ကြီးပေါ်မှ ကွင်းပြင်ထဲရှိ စစ်သည်များ၏လေ့ကျင့်ရေးအခြေ‌အနေကိုကြည့်ကာ နှစ်ထောင်းအားရလျက်ရှိသည်။အထူးသဖြင့် လူတိုင်း သည် ဖြစ်လာတော့မည့် စစ်အတွက် ကြောက်ရွံ့မှုမရှိကြဘဲ စိတ်အားထက်သန်စွာ ပင်ရှိနေကြသည်ကိုမြင်ကာ အရှင်ဧကရာဇ်မှာတစ်ပြုံးပြုံးဖြင့်ဖြစ်နေတော့သည်။

ဗိုလ်ချုပ်မဟာမြတ်သည်လည်းထိုနည်းတူပင် မိမိ၏ရဲမက်စစ်သည်များ၏ကောင်းမွန်သော စစ်ရေးစွမ်းရည်ကို အရှင်ဧကရာဇ်အားပြသခွင့်ရသဖြင့် အထူး၀မ်းမြောက်နေတော့သည်။

သစ္စာရှိသောကျွန်သည် တာ၀န်ကျေပြွန်သောအမှုထမ်းကောင်းတစ်ယောက်လည်းဖြစ်ကြောင်းအရှင်သိလျှင်တော်ပါပြီ။

"ကိုယ်တော် ဒီလို ထက်မြတ်ပြီးစနစ်ကျတဲ့စစ်တပ်ကိုမြင်ရတဲ့အတွက်အင်မတန်၀မ်းမြောက်တော်မူတယ်။စည်းကမ်းရှိပြီး စနစ်ကျတဲ့မောင်မင်းကို ချီးကျူးတယ်ကွဲ့"

အရှင်ဧကရာဇ်၏ချီးကျူးမှုကိုခံရပြီးနောက် ဗိုလ်ချုပ်မဟာမြတ်၏စိတ်အစဉ်သည် အေးငြိမ်းသွားကာ သက်မချမိသည်။

ကိုယ့်ရင်သွေးကိုဆုံးရှုံးလိုက်ရတဲ့မိဘ...
ဘယ်မိဘက စိတ်ချမ်းနေမလဲ။
အမြဲပူလောင်နေတဲ့စိတ်အစဉ်ကိုတစ်ကန့်။လက်အောက်ငယ်သားနဲ့ဆက်ဆံရင်တစ်ကန့်ထားတတ်တဲ့ အကြီးအကဲ။

ဗိုလ်ချုပ်ကြီးသည် ပြုံးလိုက်သည်။သူတို့အင်မတန်ကံကောင်းသည်ဟုဆိုရမည်။မင်းကောင်းမင်းမြတ်နှင့် ဆုံတွေ့ရသည်မဟုတ်လား။

"စစ်တပ်နဲ့ အခြေအနေအရပ်ရပ်အပြင် အချိန်ကာလ။စစ်ဗျူဟာ ဒါတွေပြင်ဆင်ဖို့ရန်အတွက်အချိန်ကာလဟာ လနဲ့ချီကြာမြင့်လိမ့်မယ်။ဒါကြောင့်သူတို့ဘက်ကလည်း ဒီသတင်းကို ကြားတဲ့အခါ ကြိုတင်ပြင်ဆင်တာတွေရှိလိမ့်မယ်။အံ့ဒီအတွက် ကိုယ်တော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ပြီး ရန်သူထက်အ ရှေ့ကိုခြေလှမ်းစောနေမှဖြစ်မယ်။ဒါကိုတော့နှလုံးထဲစွဲမှတ်ထားပါလေ မောင်မင်း"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now