EPISODE (47)

7.2K 772 55
                                    

Unicode
ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့သေမင်းတပ်

သေမင်းတပ်ဆိုသည်မှာ သက္ကအန္တလာပြည်၏လျှို့ဝှက်တပ်တော်ကြီးဖြစ်ပြီးရှေးရာဇ၀င်အဆက်ဆက်တွင် အစဉ်အလာကြီးမားခဲ့သော အစွမ်းထက်သည့် မသေမျိုးစစ်တပ်ကြီးဖြစ်သည်။

သေမင်းတပ်တော်ကြီးသည်မြေအောက်နန်းတော်ကြီးတွင်စဉ်ဆက်မပျက်လေ့ကျင့်နေပြီး တိုင်းပြည် ၏အရေးပေါ်အခြေအနေများမှလွဲလျှင်ထွက်ပေါ်မလာဘဲ အရှင်ဧကရာဇ်၏တိုက်ရိုက်အမိန့်တော်ရှိမှသာလျှင်မြေပေါ်သို့ထွက်ပေါ်လာလေ့ရှိသည်။
သို့ရာတွင် သေမင်းတပ်တော်၏အမျိုးသမီးစစ်သည်များမှာမူ  မြင့်မြတ်သောဧကရီအရှင်၏အမိန့်တော်ကိုနာခံရသဖြင့်ရံဖန်ရံခါ မြေပေါ်သို့ထွက်ပေါ်လာလေ့ရှိသည်။သို့ရာတွင် သူမတို့အား စေခိုင်းအမိန့်ပေးရန် လုံလောက်သောစိတ်စွမ်းအားမြင့်သည့် ဧကရီများကသာ သူမတို့အားဆင့်ခေါ်နိုင်လေသည်။

သေမင်းတပ်တော်သည် စိတ်ကူးယဉ်ဆန်ကာအ
နှိုင်းအဆမရှိရက်စက်တတ်သောသဘောရှိသဖြင့် တော်ရုံအားဖြင့် မည်သည့်ဧကရာဇ်မျှ ဆင့်ခေါ်လေ့မရှိသော်လည်း အရေးပေါ်ကိစ္စများနှင့် အစဉ်အဆက်တိုင်းပြည်ကျူးကျော်စစ်ပွဲများတွင် ထိုတပ်တော်ကြီးအားထုတ်သုံးလေ့ရှိသည်။ထိုသေမင်းတပ်ကြီး၏ဆောင်ပုဒ်မှာ"အမြစ်ပြတ်သုတ်သင်၍ရန်သူ ၏သွေးဖြင့် သခင်အားခြေဆေးစေမည်" ဟူ၍ဖြစ်သည်။

သေမင်းတပ်တော်တွင်မသေမျိုးစစ်သည်များသိန်းဂဏန်းအထိရှိနေနိုင်ပြီး တိကျသောအရေအတွက်ကိုမူ လျို့ဝှက်ထားသည်ဟူ၍ပြောကြသည်။

တိုင်းပြည်ဒုက္ခရောက်ချိန်တွင် မူအားဖြင့် အရှင်ဧကရာဇ်၏ အမိန့်ကိုစောင့်ဆိုင်းရသော်လည်း အရှင်ဧကရာဇ်က အမိန့်မပေးနိုင်သည့်အခါမျိုးတွင်သော်လည်းကောင်း၊အရေးပေါ်အခြေအတေများတွင်လည်းကောင်း ထိုတပ်တော်ကြီးသည် အလိုအလျောက်ထွက်ပေါ်လာခွင့်ရှိသည်။

သေမင်းတပ်တော်ကြီးပေါ်မလာခဲ့သည်မှာနှစ်ပေါင်းရာနှင့်ချီပင်ကြာမြင့်ခဲ့သဖြင့် လူအပေါင်းမှာစိတ်လှုပ်ရှားနေကြသည်။ထိုတပ်တော်ကြီး၏ရက်စက်မှုကို သိသဖြင့် ကြောက်ရွံ့နေသောအဖွဲ့နှင့် အမှောင်လောကိုခြေမှုန်းပြီး မိမိတို့တိုင်းပြည်သိက္ခာတက်ဖို့အရေး တွေးတောကာ ၀မ်းသာနေသောအဖွဲ့ဟု၍ကွဲနေကြသည်မှာ နန်းတွင်းရော နန်းပြင်မှာပါဖြစ်သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now