EPISODE (45)

7.7K 770 34
                                    

Unicode
အကုန်‌သေရမယ်

"ဒါပေမယ့် ဘာဖြစ်သလဲ အမတော်"

ဟန်တျာ စိုးထိတ်စွာဖြင့်နာကျင်မှု ကြားမှ အံကိုကြိတ်ကာမေးလိုက်သည်။ဤကလေးများအားလုံးသည်ဟန်တျာ ၏ လျှောက်လှမ်းရာလမ်းအတွက် အားအင်ဖြစ် စေခဲ့သည်။ဤကလေးများမွေးဖွားလာခဲ့ပါက မည်သို့မည်ပုံ ပြုစုပျိုးထောင်မည်ကအစ ဟန်တျာ၏ရင်တွင်း၌စီမံခဲ့ပြီဖြစ်သဖြင့် ယခု ကဲ့သို့ အဖြစ်အပျက်ကြီးကြုံတွေ့ရသောအခါ ဟန်တျာအဖို့ ကြီးမားစွာတုန်လှုပ်နေရခြင်းဖြစ်သည်။

"သန္ဓေသားတစ်ယောက်ကတော့ ထိခိုက်မှုပြင်းထန်တယ်မောင်တော်။ ရှင်သန်နိုင်ဖို့ အခွင့်အလမ်း နည်းတယ်။ကြည့်ရတာ နိမ့်ကျတဲ့အောက်လမ်းနည်းနဲ့အတိုက်ခိုက်ခံရတာဖြစ်နိုင်တယ်"

ဟန်တျာ၏မျက်၀န်းအိမ်များမှ မျက်ရည်များက သိသာစွာ ကျဆင်းလာပြီး လက်သီးကိုတင်းတင်းဆုပ်မိတော့သည်။ဒါတွေကဘယ်လိုလုပ်ဖြစ်လာရတာလဲ။

ငါမျှော်လင့်ထားတာ ဒီလိုမဟုတ်ဘူးလေ။ငါ့ရဲ့သားတော်တွေ...သူတို့တွေက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရမှာလေ။

ဆက္ကနန္ဒသည် ဟန်တျာအား ရင်ခွင်ထဲထည့်၍ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။ဆက္ကနန္ဒ၏အသွင်အပြင်မှာမူယခင်နှစ်လိုဖွယ် မျက်နှာလေးမရှိတော့ဘဲ ကြောက်မက်ဖွယ်ရာ ဒေါသအခိုးအငွေ့များဖြင့်ရစ်သိုင်းလျက်ရှိသည်။

ရာရာစစ ငါ့သားတော်တွေကို တိုက်ခိုက်ရဲတယ်။

ဆက္ကနန္ဒရဲ့ဧကရီနဲ့သားတော်တွေကိုထိပါးရဲတယ်ဆိုမှတော့ ပြန်ပေးဆပ်ရမယ့်အဖိုးအခကိုလည်း ကြိုတွက်ထားရမှာပေါ့။ မကြာပါဘူး။ခဏလေးအချိန်အတွင်းမှ ငါ့ရဲ့ မွေးဖွားခွင့်မရလိုက်တဲ့သားတော်ရဲ့ဝိညာဉ်ကို သူတို့ရဲ့ အသက်နဲ့လဲလှယ်ပြီး ငြိမ်ချမ်းစေမယ်!!!

"ငိုချလိုက်ပါ ကိုယ်တော့်ဧကရီ။ဒါဟာကိုယ်တော်တို့ကို ရန်စတာဖြစ်ပြီးတော့ ကျန်သားတော်တွေကိုပါ အချိန်မရွေးဦးလှည့်လာနိုင်တယ်။ဒါပြီးရင် ကိုယ်တော်တို့ကိုရာရာစစ ရန်လာစရဲတဲ့သူတွေရဲ့ အသက်ဝိညာဉ်က်ုနှုတ်ယူပြီး ငရဲ ကိုလွှတ်ဖို့ လုပ်ဆောင်ရမယ်။ ဒါ ကြောင့်မင်းသန်မာနေမှရမယ် "

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now