EPISODE (35)

8K 853 36
                                    

Unicode
တစ်ယောက်သောသူထွက်ပြေးလွတ်မြောက်

နန်းတွင်းစစ်တပ်၏ရဲမက်များသည် ချောမောလှပသည့်ယောကျာ်းငယ်တစ်ဦးအားဘေးမှဝိုင်းရံကာ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။သာမန်လူသားများဆိုပါက ကြောက်လန့်တုန်လှုပ်နေရမည်ဖြစ်သော်လည်း ဤအမျိူးသားငယ်မှာ ကြောက်လန့်တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ အနည်းငယ် ရွှင်လန်းသောမျက်နှာထားကိုဆောင်ကာ လိုက်ပါလာခဲ့သည်။ထိုသူမှာ လုပ်ကြံမှုအတွင်းသံသယရှိသူအဖြစ် ဖမ်းဆီးခြင်းခံရသည့် ရှင်မျိုးသာကီပင်ဖြစ်သည်။

ထိုစစ်သည်အုပ်စုသည် ဧကရာဇ်၏ပင်မနန်းဆောင်ရှေ့သို့ရောက်သောအခါ ဘဒ္ဒစုသီကိုယ်လုပ်တော်နှင့် မျက်နှာချင်းဆိုင်တွေ့မိသောအခါ စစ်သည်များက ဘဒ္ဒစုသီကို အရိုအသေပေးလိုက်ကြပြီး ဘေးမှရှဲပေးကြသည်။

ထိုတစ်ခဏ ရှင်မျိုးသာကီ၏နှုတ်ခမ်းတစ်စုံသည်ပွင့်ဟသွားပြီး အလွန်သေးငယ်၍အဆိပ်ပျင်းလှသည့် အပ်ချောင်းလေးများက ပြေးထွက်လာကြပြီး ဘဒ္ဒစုသီ ဆီသို့ဦးတည်လျက်။

"အာ့"

မြန်ဆန်လှသည့်တစ်ခဏတွင် ရှင်မျိုးသာကီ၏နှုတ်ခမ်းတစ်စုံသည်ပြာနှမ်းသွားပြီး မြေပြင်ပေါ်သို့ဝုန်းခနဲလဲကျသွားတောါသည်။

ဘဒ္ဒစုသီအပါအ၀င် စစ်သည်များသည်ထိတ်လန့်သွားကြပြီး လျှပ်တစ်ပြက်အချိန်အတွင်းဖြစ်ပျက်သွားသည်များကို မသိလိုက်ကြသဖြင့် မြေပြင်ပေါ်တွင်သတိလစ်နေသူ ရှင်မျိူးသာကီကိုသာဝိုင်းအုံ၍ကြည့်နေကြသည်။

"မယ်မင်းက အင်မတန်မှသတိကြီးတတ်တယ်လို့ကြားမိထားတဲ့ ကျွန်ုပ်မှားသွားတာများလား?"

ပင်မနန်းဆောင်သို့ လာရာလမ်းတစ်ဖက်မှ ဟန်တျာရောက်လာပြီး နောက်မှလည်း စစ်သူကြီးရဲသူနှင့်ရဲဟန်ပါလိုက်ပါလာကြသည်ာ

"အရှင်"

ချက်ချင်းပင် ဘဒ္ဒစုသီနှင့်စစ်သည်များသည်မြေပြင်ပေါ်တွင်ဒူးထောက်လိုက်ကြသည်။

"အဆိပ် ဘုရင်ရဲ့တပည့်သားအရင်းဖြစ်တဲ့ ရှင်မျိုးသာကီ လိုလူမျိုးနဲ့ နီးနီးကပ်ကပ်နေတဲ့ အခါသတိမထားတဲ့ သင့်ကိုကျွန်ုပ်က ဘယ်လိုမှတ်ချက်ပေးရမလဲ?"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now