EPISODE (42)

8.1K 888 35
                                    

Unicode

မောင်နှမနှစ်ယောက် ဗိမ္မာန်အတွင်းသို့ရောက်သည်နှင့် ခန်းမကြီးအလယ်ရှိ မဟာအလင်္ကာနှင့် သူ၏မိဖုရား မဟေသီကိုတွေ့လိုက်ကြသည်။အခြားနတ်သူငယ်များမရှိသဖြင့် ဟန်တျာယခုအချိန်တွင် အစည်းအဝေးမရှိကြောင်းရိပ်စားမိလိုက်သည်။

"အကိုတော်နဲ့မရီးတော်"

ဟန်တျာ ဂါရ၀ပြီးနှုတ်ဆက်လိုက်သည်။
ထိုအခါ မဟေသီကနှစ်ချိုက်စွာပြုံးလိုက်ပြီးကြိုဆိုကာ မဟာအလင်္ကာသည်လည်း ညီတော်ဟုဆိုကာပွေ့ဖက်လိုက်သည်။

"မောင်တော်လေး မတွေ့ရတဲ့အတောအတွင်းအဆင်ပြေရဲ့လားကွယ်။အမတော်နဲ့မင်းအကိုတော်တို့ တော့မင်းကိုသိပ်စိတ်ပူတာပဲ။အမတော်နဲ့တောင်တိုင်ပင်နေကြတာ။မင်းကိုပြန်ခေါ်ပြီးထိပ်တိုက်ရင်ဆိုင်လိုက်ကြရအောင်ဆိုပြီးလေ။"

မဟေသီက ၀မ်းသာအားရဖြင့်စကားလုံးတစ်ချို့ကိုဆက်တိုက်ပြောပြီးသည့်နောက်သူမ၏ခင်ပွန်းကိုတစ်ချက်ကြည့်လိုက်သည်။

"ဒီတလောအတွင်း ဥယျာဉ်တော်နဲ့ အမှောင်လောကရဲ့ အခြေအနေက ဘယ်လိုနေလဲ အကိုတော်"

"ဒီရက်ပိုင်းအတွင်းမှာ မင်းရဲ့ဒုတိယအကိုတော်က ပိုပိုဆိုးသွမ်းလာတယ်ကွယ်။ဒီပစ္စည်းကိုအသည်းအသန်ကို လိုချင်နေတော့ တစ်နေ့တစ်နေ့ နယ်စပ်ပိုင်းကိုကျူးကျော်လာလိုက်၊နတ်သူငယ်တွေကိုဓားစာခံအဖြစ်ဖမ်းခေါ်သွားလိုက်နဲ့ပဲ"

"သိပ်ကိုတရားလွန်လာရင်တော့ အမတော်ကတော့ နတ်ဘုံကိုတက်ပြီးစစ်ကူခေါ်လိုက်မယ်။ပြီးရင်ဒုတိယအကိုတော်ကိုသင်ခန်းစာပေးလိုက်တော့မယ်"

"ညီမတော်!"

မဟာအလင်္ကာတစ်ယောက် စိတ်အားထက်သန်စွာ ပြောလိုက်သော ရူပါဒေဝီကိုလှမ်းဟန့်လိုက်သည်။

"အို။အကိုတော်ကလည်း ကိုယ့်မိသားစု၀င်တွေဘဲရှိတာကို။နောက်ပြီးတော့ဒီခန်းမထဲ၀င်ကတည်းကအကိုတော်စည်းချထားတယ်ဆိုတာညီမတော် သိသားပဲ"

ရူပါဒေဝီက ချက်ကျလက်ကျနှင့်ပြောလာတော့ မဟာအလင်္ကာအဖို့ လက်မြှောက်ရုံသာရှိတော့သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now