EPISODE (74)

5.6K 586 57
                                    

Unicode
ပြိုင်မြင်း

ပြိုင်ပွဲသည်အစပထမက လူငယ်များ၏ ပိုးပမ်းမှုနှင့် စိတ်ဓာတ်တက်ကြွစေရေးအတွက်ရည်ရွယ်ထားသော်လည်း တော်၀င်သွေးသားအရင်းအချာနှစ်ဦးက ပါ၀င်လာသည့် အခါ စစ်သည်များမှာ သွေးသားများဆူပွက်လာကြပြီး သူ့ထက်ငါအပြိုင်အဆိုင်ပင် အနိုင်ရရှိရေးကို အားထုတ်လာကြသည်။

အားမထုတ်လို့လည်းမရ။တစ်ဦးက ပြိုင်ဘက်ကင်းမင်းသားအလှလေးဖြစ်ပြီး နောက်တစ်ဦးကတစ်ပင်တိုင်မင်းသမီးဖြစ်လေသည်။

ပြိုင်ပွဲတွင်ပွဲစဉ် ငါးခုပါရှိမည်ဖြစ်ပြီး ပွဲစဉ်အများစုတွင်အနိုင်ရရှိသူက တတိယမင်းသားငယ်ကို ပိုးပန်းခွင့်ရရှိမည်ဖြစ်ကာ ဒုတိယရှိသူက တပင်တိုင်မင်းသမီးကိုပိုးပန်းခွင့်ရရှိမည်ဖြစ်သည်။ထို့ အောက်မှကျန်အောင်နိုင်သူများကမူ အခြား တော်၀င်ဆွေတော်မျိုးတော်များ၏ဆက်ခံသူသခင်ငယ်၊သခင်မငယ်လေးများအားအသီးသီးပိုးပန်းခွင့်ရရှိမည်ဖြစ်သည်။

ပထမပွဲစဉ်အနေဖြင့် စိတ်စွမ်းအား ဖြင့်လက်နက်ပြုပြင်ခြင်းကိုယှဉ်ပြိုင်ရမည်ဖြစ်သည်။ပြိုင်ပွဲ၀င်များသည် နန်းတော်မှပေးအပ်သည့် လက်နက်အိုများအား မိမိတို့ ကြိုက်နှစ်သက်ရာ အစွမ်းထက်လက်နက်များအဖြစ် ပြုပြင်နိုင်ပြီး ပါ၀င်ပစ္စည်းများအနေဖြင့် နန်းတော်မှထောက်ပံ့သည့်ပစ္စည်းများကိုသာသုံးစွဲခွင့်ရှိလေသည်။

လက်နက်များတွင်အဆင့်ခြောက်ဆင့်ရှိပြီး ဤမြီးကောင်ပေါက်စစ်သည်များအတွက် အဆုံးစွန်သောတီထွင်နိုင်မှုအဆင့်အတန်းသည် အဆင့် သုံးအထိသာဖြစ်သည်။

မင်းသားငယ်နှင့် မင်းသမီးအပါအ၀င် သခင်ငယ်များအားလုံးသည် ပြိုင်ပွဲမစတင်မီကပင် ပြင်ဆင်ထားသည့် အထူးစင်မြင့်ပေါ်သို့ သွားလိုက်ကြပြီး အသီးသီးသလွန်ပေါ်တွင်ထိုင်နေကြရသည်။

မင်းသားငယ်၏အရှေ့တွင် ခရမ်းပြာရောင်ပန်းပွင့်လေး ငါးခုကအစီအရီတည်ရှိနေပြီး မဏိစုသီ၏အရှေ့တွင်မူ စိမ်းပြာရောင်ပန်းကလေးငါးပွင့်ကိုအစီအရီချထားလေသည်။အဝါရောင်ပန်းပွင့်လေးများကတော့ ကျန်သခင်ငယ်‌များရှေ့တွင်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now