EPISODE (3)

14.9K 1.5K 12
                                    


Unicode
အနှောက်အယှက်နှင့်အကူအညီကတစ်ပြိုင်တည်းရောက်လာတယ်။

ဟမ်....ငါက ဧကရီဖြစ်သွားတာတဲ့လား ?!!!

အရင်ခေတ်အဆက်ဆက် ယာ၀အိမ်‌တော်က တော်၀င်ဒုတိယမိဖုရားနေရာဘဲရကြတာမဟုတ်လား။

ဟန်တျာအနေနှင့်အတွေးများရသလိုပျော်ရွှင်မိပြန်သည်။သူ့ကိုအသက်သေဆုံးသည်အထိလုပ်ကြံခဲ့သူကိုဖိနှိပ်နိုင်တော့မည်မဟုတ်လား။အစဉ်အလာအရဧကရီအဖြစ်ရွေးချယ်ခံရသူသည်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေ နတ်ဒေ၀တာများ၏ကောင်းချီးပေးခံရသူဟုယူဆကြသည်။
ထို့ကြောင့် ဧကရီအဖြစ်ရွေးချယ်ခံရသည်နှင့်တစ်ပြိုင်နက် မဟာအဏီရာမင်းကြီးနှင့်လက်မဆတ်ခင်ကာလတွင်မည်သည့်သူနှင့်မျှတွေ့ခွင့်မရတော့ချေ။ ခန်းမတွင်းရှိသူများကမိမိအားအရိုအသေပေးနေစဉ်တွင် အနီရောင်၀တ် အမျိုးသားအထိန်းတော်များက၀င်လာပြီးမိမိအားဝိုင်းရံထားတော့သည်။ထို့နောက် အသက်ကြီးကြီးအထိန်းတော်မှ အနားကပ်၍ လျှောက်ထားသည်။

"ဧကရီအရှင်ဘုရား ကျွန်တော်မျိုးတို့ရဲ့အစဉ်အလာအရ မင်္ဂလာအကြိုအတွင်းဆောင်သို့ကြွမြန်းသင့်ပါတယ်"

ဟန်တျာလည်းနန်းတော်သို့မ၀င်မှီကပင်ဤအ အကြောင်းအရာများကိုသိရှိပြီးဖြစ်သဖြင့်ခေါင်းညိတ်လိုက်လေသည်။

"အသင်တို့လမ်းပြပါလေ။"

ထိုစဉ်၀ပ်တွားနေသောသူများမှာမထရသေးသဖြင့် ဟန်တျာကပင် "သင်တို့မတ်တပ်ရပ်နိုင်ပါပြီ"ဟုမိန့်လိုက်ရလေသည်။

သို့သော်ရုတ်တရက်ထိုလူတို့မှာကျေးဇူးကြီးမြတ်ကြောင်းပင်မလျှောက်လိုက်ရဘဲ ၀ပ်တွားမြဲ၀ပ်တွားကာပိုမိုအရိုအသေပေးလိုက်ရလေသည်။
အကြောင်းအရင်းမှာ မဟာအဏီရာမယ်တော်ကြီးကြွမြန်းလာသောကြောင့်ပင်။

"ဧကရီမယ်တော်ကြီးကြွမြန်းလာပါတယ်။"ဟူသော မိဖုရားအထိန်းတော်ကြီး၏အသံအောက်တွင်ဟန်တျာနှင့်တကွခန်းမဆောင်အတွင်းရှိလူအားလုံးမှာ ဒူးတုပ်ကာအရိုအသေပေးလိုက်ရလေသည်။

" အနောက်ဆောင်အတွက်လူရွေးချယ်ပွဲကပြီးသွားတာလား။"

ဧကရီမယ်တော်ကြီး၏အသံကထွက်လာသည်။ဧကရီမယ်တော်ကြီးမှာသက်လတ်ပိုင်းအရွယ်ဟုသာထင်ရလောက်အောင်နုပျိုလှသည်။ဧကရီမယ်တော်ကြီးသည်ရမ္ပအိမ်တော်၏ဆက်ခံသူမင်းသမီးအဖြစ်မှဧကရီဖြစ်လာသူပီပီရာဇမာန်ရှိလှသည်။ဧကရီပီပီအဆောင်အယောင်အပြည့်ဖြင့်ခန်းမသို့ကြွမြန်းလာသည်မှာမြင်ရသူအဖို့အကြည့်ဖြင့်ပင်ရှိန်လှသည်။
ဧကရီမယ်တော်ကြီးသည်သားတော်တစ်ပါးနှင့်သမီးတော်နှစ်ပါးမွေးဖွားခဲ့သော်လည်းသားတော်မှာ မွေးစတွင်ပင်မီးတွင်း၌ဆုံးပါးခဲ့ရသည်။လက်ရှိမင်းကြီးမှာတော်၀င်မိဖုရားမှမွေးဖွားလာခဲ့သောဒုတိယမင်းသားဖြစ်၏။ဧကရီမယ်တော်ကြီးအနေဖြင့်ယခုလက်ရှိမင်းကြီး ဆက္ကနန္ဒ မှာမိမိချုပ်ကိုင်မှုကိုလက်မခံဘဲအတော်လေးသွေးအေးသဖြင့် ‌အနာဂတ်အနောက်ဆောင်တွင်ရှိမည့်မိမိနှင့်သမီးတော်များအရေးအတွက်ခေါင်းခဲရသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now