AUTHOR NOTES

9.7K 753 21
                                    

Unicode
မင်္ဂလာပါ !

ဒီနေရာလေးမှာ မူလက updateအရမ်းကြာသွားတံ့အတွက် တောင်းပန်စာကိုထားခဲ့ပေမယ့် ယခုတော့ fiction ရဲ့အကြောင်းလေးကို အနည်းငယ်ရှင်းပြပါ့မယ်။

ဒီဇာတ်ကြောင်းအခြေခံဟာ မိုင့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာပါ။ပြီးတော့ မိုင်ဟာမြန်မာပုံစံရေးချင်တဲ့အတွက် မြန်မာ ဆန်အောင်ရေးခဲ့ပါတယ်။ဒါပေမယ့်တစ်ကယ့် မြန်မာနန်းတွင်းများနဲ့လုံး၀မတူညီတာကိုတော့ သတိချပ်စေချင်ပါတယ်။မြန်မာနန်းတွင်းစစ်စစ်ကိုဖတ်ချင်ရင်တော့ မိုင့်ရဲ့ဒီ fiction လေးကိုမဖတ်ပါနဲ့။

မိုင်ရဲ့ ဇာတ်ကြောင်းဟာ rebirthစစ်စစ်မဟုတ်ပါဘူး။ပြန်လည်မွေးဖွားမယ်။ပြီးရင်ဝိညာဉ်နှစ်ခုနေရာလုကြပြီးတစ်ခြားတစ်ယောက်ကသူ့နေရာမှာယူသွားတာဖြစ်လို့ ကာရိုက်တာဟာတစ်ဖြည်းဖြည်းနဲ့ ရင့်ကျက်တဲ့ဘက်ကိုသွားပါတယ်။

ခေါင်းစဉ်ကိုက "‌အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း" ပါ။ဆိုတော့ အဓိကဇာတ်ဆောင် ဧကရီ ဟန်တျာယာ၀ပိုပဲ ဦးစားပေးရေးထားပါတယ်။မင်းတို့ဟာ uke strongတာမကြိုက်ရင် မိုင့်ရဲ့ဒီ ficကိုမဖတ်ပါနဲ့။

ဇာတ်ကောင်အရမ်းများပြီးဇာတ်ကြောင်းလည်းအရမ်းရှုပ်ထွေးပါတယ်။အချိုးအကွေ့လည်းများသလို ပဟေဠိလည်းအရမ်းများပါတယ်။ လာ မေးရင် စပွိုင်းအရင်ကတိုးတိုးတိတ်တိတ်ပေးပေမယ့်အခုတော့လုံး၀မပေးတော့ပါဘူး။

လုံး၀ Haremမဟုတ်ပါ! ဒါကတော့အဓိကအချက်ပါ။နန်းတွင်းပုံစံဆို haremကြောက်တယ်ပြောကြတယ်ပေါ့နော်။မိုင်ကိုယ်တိုင်ကလည်း haremမကြိုက်တာမို့ မရေးပါဘူး။

Dramမများပါဘူး။အလောင်အမြိုက်နည်းမှာပါ။
အရင်ကမိုင် အေးဆေးနေခဲ့ပေမယ့် အခုတော့ ပြောမှဖြစ်မှာမလို့ပါ။ မကြိုက်ရင် drop လိုက်ပါ။ဝေဖန်တာမကြိုက်ပါဘူး။အမှားပြင်ပေးတာကြိုက်ပေမယ့် ဇာတ်ကြောင်းမှာ plot hole မရှိအောင် ကြိုးစားထားပါတယ်။

ဒီတစ်ပုဒ်လုံးဟာ မိုင်ရဲ့ကိုယ်ပိုင်စိတ်ကူးနဲ့ရေးသားချက်ဖြစ်ပါတယ်။

အပိုင်းတိုင်းမှာပါ၀င်တဲ့အကိုးအကားပုံများအားလုံးကို credit ပေးပါတယ်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now