EPISODE (40)

7.8K 835 40
                                    

Unicode
ခင်ပွန်းသည်ကို တမ်းတခြင်း

ဟန်တျာ အိပ်စက်ရာမှနိုးလာတော့ အရင်ဆုံးတွေ့လိုက်ရသည် က အဖြူလုံးလေး၏မျက်နှာလေးဖြစ်သည်။သားရည်များကျကာအိပ်မက်ကမ္ဘာထဲတွင် ကူးခပ်နေပုံပေါ်သည့်အဖြူလုံးကတော့ ဘာကိုမှသိပုံမရဘဲ မိမိဘက်သို့လှည့်ကာအိပ်မောကျနေတော့သည်။

ဟန်တျာအိပ်ယာမှထကာ အခန်းထဲသို့ဝေ့ကြည့်မိတော့ မိမိ၏သလွန်ပေါ်တွင် အခန့်သားအိပ်ပျော်နေသူက နောက်ထပ်အဖြူကောင်လေးတစ်ကောင်။

ကုတင်ပေါ်ရှိ ကလေးကို ဖင်လေးပုတ်ပြီးစောင်လေးဆွဲခြုံပေးကာ သလွန်ပေါ်မှ အကောင်လေးကိုလည်း စောင်တစ်ထည်နှင့်ခြုံပေးလိုက်သည်။

ထို့နောက် အိပ်ဆောင်၏အပြင်သို့ထွက်လိုက်သောအခါ မယ်အိနှင့်မယ်ဖြူက၀မ်းသာအားရဖြင့် ခစားရန်အနားသို့ကပ်လာသဖြင့် လက်ပြလိုက်ပြီး နောက်မှလိုက်စေကာ ဥယျာဉ်တော်ဘက်သို့ဦးတည်လိုက်သည်။

ယမန်နေ့များကအလုပ်ရှုပ်နေသဖြင့် သေချာ ဂရုမထားမိဘဲယနေ့မှ သတိထားမိသည်။

ဥယျာဉ်တော်၏အခြေအနေသည် ကောင်းမွန်သော ပြုစုပျိူးထောင်မှုများကြောင့် လွန်စွာ လှပနေပြီး အရောင်အသွေးစုံလင်လှသော ပန်းများဖြင့် လှသွေးကြွယ်နေတော့သည်။

တောသာလျှင်ငှက်နေ၏ဆို သည့်အတိုင်းကျည်ကျည်ကြာကြာ အသံပေး‌တတ်သည့်ငှက်ပေါင်းစုံတို့ကလည်းဥယျာဉ်တော်၏သစ်ပင်ကြီးတွင် တစ်ပင်နှင့်တစ်ပင်ကူးလူးပျံသန်းလျက်ရှိကြသည်။

သစ်ရိပ်ဝါးရိပ်တွင် လတ်ဆတ်သောလေကိုရှုလျက် ဥယျာဉ်တော်၏ ကန်ရေပြင်မှဆော်သွေးလာသော လေနုအေးလေးကိုခံစားကာ နေရသည်ထက်အေးချမ်းသည့်ဘ၀သည်ရှိလိမ့်မည်မဟု‌တ်။

ဥယျာဉ်၏လှပ၍ညီညာသောကျောက်သားလမ်းလေးအတိုင်း ဟန်တျာ တက်ကြွစွာဆင်းလာလိုက်ကာ နောက်မှ အ‌ခြွေအရံတစ်သိုက်ကလည်းထပ်ချပ်မကွာလိုက်ပါလျက်။

အထူးစိုးရိမ်နေကြသည်က မယ်အိနှင့်မယ်ဖြူသာဖြစ်သည်။ဒီကိုယ်၀န်နဲ့ လျှောက်ပြေး နေတဲ့အရှင့်ကို တစ်‌ယောက်လောက် လာဆုံးမကြစမ်းပါ!သူများတွေများ ကိုယ်၀န်ကိုထိခိုက်မှာစိုးလို့ အဆောင်ပြင်တောင်မထွက်ဘဲရွှေလိုဥနေကြတာ။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now