EPISODE (52)

7.2K 802 43
                                    

Unicode

"လေရူးကသုန် ကံကဆုံ၊

တူနှစ်ကိုယ် အရှင်နှစ်ပါးကဖြင့်

အများကိုရည်သန်၍

ကိုယ်တော်နှစ်ပါးကို‌မွေးထုတ်ခဲ့ပြီ၊

ရွှေဘုန်းတော်တိုးပါလို့ မဟာသက္ကပြည်တော်

တိုင်းလုံးကျော်ပါစေသား၊ အရှင့်သားတို့ဘုရား"

ပုဏ္ဏားကြီးကသံနေသံထားဖြင့်ရွတ်ဆိုကာလျှောက်ထားလိုက်တော့ သလွန်ပေါ်တွင် အရှင့်သားနှစ်ပါးအား ကိုယ်စီပွေ့ချီထားသော အရှင်နှစ်ပါးကပြုံးတော်မူသည်။

သီးခြားစွာ သလွန်တွင်စံမြန်းနေသော ရူပါဒေဝီသခင်မက နှစ်ခြိုက်စွာပြုံးကာ ခေါင်းညိတ်တော််မူသည်။

ပုဏ္ဏားကြီးသည်အရှင်တို့၏အမူအယာကိုမပြတ်အကဲခတ်နေသည့်အလျောက် မိမိ၏လျှောက်ထားချက်ကဗျာသည် အခြေအ‌ကောင်းသည်ဟု ကောက်ချက်ချလိုက်နိုင်သည်။

"ကောင်းပြီ၊မောင်မင်းရဲ့ကဗျာကို ကိုယ်တော်တို့နှစ်ခြိုက်တော်မူတယ်၊ငဈာရန် ဒီပုဏ္ဏားကို ရွှေငွေများချီးမြှင့်စေ"

အရှင်မင်းကြီးက တွန့်တိုမှုမရှိ ချက်ချင်းပင်၀မ်းသာအားရချီးမြှင့်လိုက်တော့ ပုဏ္ဏားကြီးသည်လွန်စွာပျော်ရွှင်သွားပြီး

"အရှင်နှစ်ပါးတို့ရဲ့ဘုန်းကျက်သရေကိုကြည်ညိုသောအားဖြင့်ဒီကကျေးတော်မျိုးကျွန်တော်မျိုးကို နိမိတ်လက္ခဏာများဖတ်ပေးခွင့်ပြုတော်မူပါဘုရား" ဟုလျှောက်လိုက်သည်။

ဧကရာဇ်ကြီးသည်ဟန်တျာ့ဘက်သို့လှည့်ကြည့်လိုက်ပြီး ဟန်တျာသည်လည်းခေါင်းညိတ်ပြလိုက်သဖြင့် ပုဏ္ဏားကြီးအားခွင့်ပြုလိုက်သည်။

ရူပါဒေဝီသခင်မကမူ ကဗျာပေါ်၌‌ကျေနပ်မှုရှိသောလည်း နိမိတ်ဖတ်မည်ဟုဆိုသောအခါ သိပ်၍မကျေနပ်တော့ပေ။

သူမ၏ယောင်းမတော် မဟေသီကိုယ်တိုင် အနာဂတ်ကိုတိကျစွာဟောပြောနိုင်သဖြင့် ဤလူ့ပြည်မှ လူများ၏နိမိတ်ဖတ်မှုကိုနည်းနည်းလေးမှအထင်မကြီးမိပေ။

သို့ရာတွင် ပုဏ္ဏားကြီးမှာ မူ ရှေ့တော်သို့‌ခြေလှမ်းငါးလှမ်းတိုးလာပြီး အရှင့်သားများကို အဆင့်မြင့်အထိန်းတော်ကြီးများကအရှင်နှစ်ပါးဆီမှလွှဲပြောင်းကာ ပုဏ္ဏားကို ဖူးမြော်စေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now