EPISODE (31)

8.4K 858 25
                                    

Unicode
ဖြေရှင်းခြင်း

အေးစက်နေသည့်အကျဉ်းထောင်ခန်းထဲရှိ အခန်းထဲတွင် အမျိုးသမီးကြီးတစ်ဦးသည် ခက်ထန်သောမျက်နှာထားဖြင့် တင်ပလ္လင်ခွေထိုင်လျက် မျက်လုံးတစ်စုံအားပိတ်ထားသည်။

တောက် ...တောက်... တောက်...

အကျဉ်းထောင်၏ခေါင်မိုးပေါ်မှလည်းရေစက်များကတစ်တောက်တောက်ကျလျက်ရှိသည်။

ထိုအမျိုးသမီးမှာ ပုန်ကန်သူအဖြစ်အဖမ်းခံထားရသည့် ဧကရီမယ်တော်ကြီးဖြစ်သည်။သူမသည်အခြားသောသူများကဲ့သို့လည်း တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်လျက်ပင်။

"ဒုန်း"

အကျဉ်းထောင်ခန်း၏တံခါးတစ်ချပ်ကပွင့်လာကာအခန်းအပြင်မှရဲမက်များကအခန်းထဲသို့၀င်လာကြသည်။

"ဆွဲခေါ်ခဲ့ကြ!"

ရဲမက်များ သည် ကြမ်းပြင်တွင် ထိုင်နေသော ဧကရီမယ်တော်ကြီးအားဆွဲခေါ်ကာ အပြင်သို့ထုတ်လိုက်ကြသည်။

မယ်တော်ကြီး၏ပိတ်ထားသောမျက်၀န်းတစ်စုံသည် ပွင့်လာကာ မိမိအားဖမ်းချုပ်ထားသောရဲမက်များအား စူးရဲစွာ ကြည့်လိုက်သည်။

သို့ရာတွင် သူမ၏စိတ်စွမ်းအားသည် ထိုရဲမက်များအပေါ်သို့ လုံး၀မသက်ရောက်ဘဲရှိနေကာ စွမ်းအားများပိတ်ဆို့ခံလိုက်ရသည်။ဧကရီမယ်တော်ကြီးသည်မျက်မှောင်ကြုပ်လိုက်သော်လည်းတစ်ခဏချင်းပင်နားလည်လိုက်သည်။

သူမကိုခေါ်လာသောခန်းမကြီး၏အလယ်ရှိသလွန်ပေါ်တွင် ဟန်တျာသည် ‌ဖြူစင်သောအပြုံး တစ်ခုကိုပေးကာထိုင်လျက်ရှိသည်။

မယ်တော်ကြီးသည် ဟန်တျာအားမြင်သောအခါ ရုတ်တရက် ဒေါသများထွက်လာကာ လက်သီးများပင်ဆုပ်မိသော်လည်း အလျင်အမြန်ပင်ချုပ်ထိန်းကာ သနားစဖွယ်ဟန်ဖြင့် အကြည့်ပေးလိုက်သည်။

"အပြစ်သားကို စစ်ဆေးခြင်းစတင်......"

ခန်းမထဲမှ အမှုစစ်တရားသူကြီးချုပ်က အမိန့်ပေးလိုက်သည်နှင့် အမှုစစ် အမှုထမ်း(၅)ယောက်သည်ရှေ့သို့ထွက်လာပြီး မယ်တော်ကြီးအားစစ်ဆေးရန်စတင်ကြတော့သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now