EPISODE (39)

7.3K 774 31
                                    

Unicode
‌သမင်လား ကျားလား။

ပထမမင်းသားလေးသည် ဟန်တျာအိပ်‌မောကျ နေရာကုတင်ပေါ်သို့တွယ်တက်ပြီး ဟန်တျာ၏ဘေးတွင်၀င်လှဲကာ မေးထောက်လျက်ကြည့်နေတော့သည်။

"အရှင်လေး"
ဂိမာန၏လေသံတိုးတိုးလေးကထွက်လာသည်။

"ကျစ်"

"ကျစ်"

ပထမမင်းသားလေးမျက်မှောင်ကြုပ်သွားပြီး အခန်းထောင့်တွင် မတ်တပ်ရပ်နေသော ဂိမာနအား မျက်လုံးလေးများဖြင့်စိုက်ကြည့်လိုက်သည်။

ထိုအခါ ဂိမာနသည် လက်ကလေးနှစ်ဖက်ကာပြကာ သွားဖြီးပြကာ ခေါင်းကိုငုံ့ပြီးငြိမ်နေလိုက်ရတော့သည်။

အမှန်တော့ သူက မင်းသားလေးကိုသတိပေးချင်တာပါ။ ဧကရီရဲ့ အမာခံနန်းတွင်းသူကြီး နှစ်ယောက် ပြောတာက ဧကရီရဲ့ကိုယ်၀န်ကို နည်းနည်းထိခိုက်စေတာမလို့ အနားယူနေပါသည်တဲ့။ မတော်လို့ မင်းသားလေးကြောင့်ဧကရီအရှင်မြတ်နိုးလာလို့ အနှောပ်အယှက်များဖြစ်သွားမလားဆိုပြီး သူကတားလိုက်တာကို။

ဒီလက်တောက်လောက်ဟာလေးက ငါ့ကို စိုက်ကြည့်သွားတယ်လေ!!! ငါကစေတနာနဲ့သတိပေးတာကိုများ။

ပြီးမှ ဒီအဖေကို လာပြီးအပြစ်မပြောနဲ့။ငါကရေငုံနှုတ်ပိတ်နေတော့မှာကွ!

စစ်သူကြီးနှစ်ပါးမှာ မူမျက်နှာမကောင်းချေ။သူတို့နှစ်ယောက်လုံး ဧကရီအရှင်မြတ်အနားမှာရှိမနေလို့ ဒီလိုဖြစ်ရတာဟူသော အပြစ်မကင်းစိတ်ဖြင့် ရင်ထဲဗလောင်ဆူနေကြပြီဖြစ်သည်။

"အထိန်းတော်ဘိုးဘိုးကပြောတယ်။ရှင်းလင်းလိုက်ပါတဲ့။တော်၀င်သွေးသားတွေကိုထိခိုက်စေသူဟာ သွားရာတစ်လမ်းဘဲရှိပါမယ်တဲ့"

စစ်သူကြီးရဲဟန်ကပြောလိုက်သည်။

"ကောင်းပြီ။ ကျုပ်သွားလိုက်မယ်။သင်ကဒီမှာ ကျန်ရစ်ခဲ့ပါ။တူညီတဲ့အမှားတော့အဖြစ်မခံနိုင်ဘူး။တစ်ခုခုထူးခြားတာနဲ့ ကျုပ်ကိုဆက်သွယ်ပါ"

စစ်သူကြီးနှစ်ယောက်သည် နှုတ်ဆက်လိုက်ကြပြီးတစ်ယောက်သောစစ်သူကြီးမှာ မြင်ကွင်းမှထွက်သွားတော့သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now