EPISODE (14)

10.1K 1K 8
                                    

Unicode
ဧကရီရဲ့အမှောင်ဖက်ခြမ်းနဲ့ကြည်နူးဖွယ်လေး

ဟန်တျာသည် ဘဒ္ဒစုသီအားကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။

"ဧကရာဇ်ရဲ့ နန်းဆောင်ကို မိဘုရားတန်မဲ့ အထိန်းအကွပ်မရှိ ရှက်ဖွယ်ကိစ္စကိုပြောဝံ့တယ်၊ငါဧကရီကိုလည်း အကြောက်အလန့်မရှိ ရိုင်းစိုင်းစွာ ပြောဆိုဝံ့တယ်၊ဒီကိစ္စနဲ့တင်သင့်ရဲ့ ခေါင်းကိုဖြုတ်လို့ရနေပြီသိရဲ့လား မိဖုရား။"

ထိုအခါမိဖုရားကြီးသည်အနည်းငယ်တုန်လှုပ်သွားကာ ‌အားနည်းသောမျက်နှာဖြင့်ဧကရာဇ်ဘက်သို့လှည့်ကာ

"အရှင် ကျွန်တော်မျိုးမကိုခွှင့်လွှတ်ပေးတော်မူပါဘုရား၊ကျွန်တော်မျိုးမကအရှင့်ကိုဖူးမြော်ချင်စိတ်တစ်ခုတည်းရှိတာပါဘုရား။"ဟုအော်ဟစ်ငိုကြွေးလေသည်။

ထိုအခိုက်တွင်

"တော်၀င်မိဖုရားကြီး အဲ့တာဘာဖြစ်နေတာလဲ၊သင့်ရဲ့အပြုအမူကိုစောင့်ထိန်းစမ်း။"ဟူသော အသံမာမာကထွက်လာလေသည်။ဧကရီမယ်တော်ကြီးသည်ဒေါသထွက်ရင်းဖြင့်ပင်နန်း‌ ဆောင်ဧည့်ခန်းမထဲသို့၀င်လာခြင်းဖြစ်၏။သူမသည် ရုပ်ပျက်ဆင်းပျက်ဖြင့် ဧကရာဇ်၏ ခြေတော်ရင်း၌ငိုကြွေးနေသော သူမ၏တူမဖြစ်သူကိုမြင်သောအခါ အလွန်ပင်‌ဒေါသထွက်သွားပြီး ဘဒ္ဒစုသီရဲ့ ပါးကိုဖြန်းခနဲရိုက်ချလိုက်မိသည်။

"အရှက်နည်းတဲ့မိန်းမ၊ညည်းသိက္ခာကိုထိန်းစမ်းဧကရာဇ်ရဲ့ရှေ့မှာဒီလို ကျက်သရေမရှိငိုနေရအောင်ညည်းကအပူသည်လား။ဘာဖြစ်တာလဲငါ့ကိုအကြောင်းစုံပြောစမ်း။"

"အရီးတော်ဘုရား မိမိက ဧကရာဇ်ကို မိမိတို့ မိဖုရားတွေကိုလည်း အချိန်ပေးဖို့နဲ့ တစ်ချက်လောက်လှည့်ကြည့်ဖို့ လျှောက်တင်တာပါဘုရား၊ဒါပေမယ့် ဧကရီက ဒေါသတွေထွက်ပြီး မိမိကို ပါးရိုက်ပါတယ်ဘုရား... ဟင့်... ဟင့်.."

ဘဒ္ဒစုသီကချုံးပွဲချငိုလေသည်။ထိုအခါ ဧကရီက ဟန်တျာဘက်သို့လှည့်ကာ

" မင်းကအတော်လေးစိတ်ထားကျဉ်းမြောင်းတဲ့ ဧကရီတစ်ပါးဘဲ၊မင်းရဲ့လက်အောက်မှာရှိတဲ့ အနောက်နန်းဆောင်တစ်ခုလုံးကိုဦးစီးဦးဆောင်ပြုပြီး မျှမျှတတဆက်ဆံ‌ပေးရမှာမင်းတာ၀န်ဘဲ၊မင်းကဒီလိုမိဖုရားတွေကိုပါလိုက်ပြီး၀န်တိုနေရင်တော့ မင်းကသိပ်ပြီးစိတ်ထားသိမ်ဖျင်းတာပဲ။"ဟုပြောလေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now