MORE CHARACTERS

5.9K 531 25
                                    

Unicode
ဇာတ်ကောင်မိတ်ဆက်

       {ပထမမင်းသားလေး}

✓မိဘများ-ဧကရာဇ်အရှင်နှင့်ဧကရီအရှင်မြတ်
✓ရာထူး-အကြီးဆုံးသားတော်(ဘွဲ့အမည်မချီးမြှင့်ရသေး)
✓လက်တွဲဖော်-

ပထမမင်းသားလေးသည် ဆက္ကနန္ဒမင်းကြီးနှင့် အိမ်တော်ပါမထင်မရှားကိုယ်လုပ်တော်တစ်ပါးမှ ဖွားမြင်သော အဦးဆုံးသားတော်ကြီးဖြစ်သည်။မယ်‌တော်ရင်းမှာ မီးတွင်း၌ဆုံးပါးရှာပြီး ခမည်းတော်မှာလည်းထီးနန်းတက်ရန်ကိစ္စများဖြင့် သာအလုပ်ရှုပ်နေသဖြင့် မွေးစအချိန်မှစ၍ နှစ်အနည်းငယ်အထိသူ၏ငယ်ဘ၀မှာ ခက်ခဲကြမ်းတမ်းခဲ့ရသည်။

အထိန်းတော်များနှင့် နန်းတွင်းသူများမှာလည်း မိဘများ၏အမေ့လျော့ခံ  အပယ်ခံမင်းသားတစ်ပါးအားမည်သို့မျှမျက်နှာသာမပေးခဲ့ပေ။မင်းသားလေးသည် ငယ်ရွယ်စဉ်က ပိန်ပါး၍ဖြူဖွေးသောအသားအရည်ဖြင့် ခမည်းတော်၏ရုပ်ရည်အား တူညီကာ အလွန်ချစ်ခင်ဖွယ်ဖြစ်ခဲ့သည်။

ဧကရီအရှင်မြတ်ဟန်တျာယာ၀နန်းတက်သောအခါ ဧကရာဇ်၏ အမတော် တစ်ပင်တိုင်မင်းသမီးကြီး၏အသက်အားကယ်တင်ခဲ့သည်ကိုအကြောင်းပြု၍ ဆုတစ်ခုတောင်းခွင့်ပြုရာဧကရီက ဤမင်းသားလေးကိုပြုစုစောင့်ရှောက်ခွင့်ကိုသာတောင်းဆိုလေသည်။

ဧကရီ၏ ပြုစုမှုအောက်တွင် မင်းသားလေးသည်လွန်စွာထက်မြတ်၍တစ်ဖြည်းဖြည်းဖြင့်ပြိုင်ဘက်ကင်းမင်းသားတစ်ပါးဖြစ်လာသည်ဟုဆိုကြသည်။ဧကရီသည် ပထမမင်းသားလေးအားလွန်စွာအရေးပေးပြီး သွေးသားရင်းကဲ့သို့ချစ်ခင်ပြုစုသည်ဟု နန်းတွင်းမှ လူတိုင်းကဆိုကြသည်။ဧကရီသည် မိမိ၏သွေးသားရင်းဖြစ်သော တတိယမင်းသားနှင့် စတုတ္ထမင်းသား ဖွားမြင်သောအခါပင်လျှင် ဤပထမမင်းသားအားမပစ်ပယ်ခဲ့ပေ။

နန်းတွင်း၌ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့သည့်အဖြစ်အပျက်လည်းရှိခဲ့ဖူးသည်။ထိုသည်မှာ ဧကရီ၏အမိန့်ဖြင့် ယခင် မင်းသားလေးအား မထီမဲ့မြင်ပြုခဲ့သူ မင်းသားလေးနန်းဆောင်မှ နန်းတွင်းသူများနှင့် အစေခံများအား ကွပ်မျက်လိုက်သည်ဟူ၍ပင်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now