EPISODE (70)

6.4K 682 31
                                    

Unicode
ပခုံးချင်းယှဉ်ရဲနေတဲ့ဘဒ္ဒစုသီ

ဧကရီ၏ခန်းမဆောင်ထဲတွင် မိဖုရားများ၊ကိုယ်လုပ်တော်များသည်အစုံအလင်ရောက်ရှိနေကြပြီးသက်ဆိုင်ရာနေရာထိုင်ခင်းများတွင် စံမြန်းနေကြကာ အချင်းချင်းထွေရာလေးပါးများကိုပြောဆိုနေကြသည်။

အထူးသဖြင့် သူမတို့၏စကားဝိုင်းများမှာ အရှက်တကွဲဖြစ်ခဲ့ရသော စက္ခံမိဖုရားကြီး ၏အဖြစ်အပျက်နှင့် တစ်ဖန်ပြန်လည် အင်အားကောင်းလာသော ဘဒ္ဒစုသီ မိဖုရားကြီးတို့၏အကြောင်းများသာဖြစ်သည်။

"ကျွီ"

ခန်းမဆောင်၏ တံခါးကပွင့်လာချိန်တွင် မိဖုရားမောင်းမမိဿံများ၏အကြည့်တို့က တံခါးပေါက်ဆီသို့ရောက်သွားကြချိန်တွင်...။

ပိုးထဘီခပ်နီနီကိုရွှေချည်ထိုးထားသောအပေါ်၀တ်ရုံဖြင့်တွဲဖက်ကာ ဘီးဆံပတ်ဆံပင်ကိုလည်းမိဖုရားကြီးတစ်ပါး၏အဆောင်အယောင်အပြည့်ဖြင့်တန်ဆာဆင်ကာ ကြွလာသူက တော်၀င်မိဖုရားကြီးဘဒ္ဒစုသီဖြစ်သည်။သူမ၏ မျက်နှာသည် သာမန်ထက်မော်ကြွားနေကာ နီရဲရဲနှုတ်ခမ်းသားတို့ကရဲရင့်သည့် ကျားသစ်မ ပမာ။

ခန်းမအတွင်းရှိသူများမှာ သူမအား မလိုလားသော်လည်း ယနေ့ဘဒ္ဒစုသီ၏အသွင်အပြင်မှာ ရှိန်လောက်သည့် တော်၀င်မိဖုရားအသွင်အပြင်ကိုပေးစွမ်းနေသည်ကိုငြင်းမရပေ။

စည်းမျဉ်းအရ ဧကရီနန်းဆောင်တွင် ဖြစ်နေသောကြောင့် မည်သည့်အရိုအသေပေးမှုကိုမှ လက်ခံ၍မရသော်လည်း ဘဒ္ဒစုသီ၏အရှိန်အဝါကိုမလွန်ဆန်နိုင်သူတို့က မျက်နှာကိုအောက်ချကာ အကြည့်လွှဲလိုက်သည်ချည်းသာ။

ဘဒ္ဒစုသီ ခန်းမတစ်ခုလုံးကို အကြည့်တစ်ချက်ဖြင့်‌ခြုံလွှမ်းပြီးနောက် ကော့တက်သွားသောအပြုံးလေးတစ်ခုဖြင့် ခန်းမ၏ထိပ်ဆုံးနေရာ ဘေးအကန့်မှ ထိုင်ခင်းတွင်ထိုင်လိုက်သည်။တစ်ချိန်ကသူမအား နှိမ့်ချခဲ့သူများအား နင်းချေကာ ထိပ်ဆုံးတွင်ရောက်ရှိနေရသည့်ခံစားချက်က သူမအားအမြင့်ဆုံးသောခံစားချက်ကိုပေးစွမ်းလျက်။သို့သော် သူမ၏အကြည့်တို့ကခန်းမဆောင်၏ အလယ်နေရာမှ ဧကရီသလွန်တော်သို့ကျရောက်ချိန်တွင် အပြုံးတို့ကပျက်ပြယ်သွားရသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now