EPISODE (13)

10.5K 1K 6
                                    

Unicode
လက်စားချေဖို့တရားခံကိုရှာရမယ် !

ဟန်တျာသည် ဧကရာဇ်၏စကားများကိုကြားသောအခါ အံ့သြရသလို အနည်းငယ်လည်းရင်တုန်မိလေသည်။မိမိသည် ဤဧကရာဇ်ကို တာ၀န်၀တ္တရားအရသာပေါင်းဖက်ပြီးအလိုက်သင့်နေထိုင်ရုံဖြစ်၏။မည်သည့်ခံစားချက်မှထားရရှိရန်မရည်ရွယ်ခဲ့ပေ။ယခု ပြန်လည်ရှင်သန်ရာဘ၀တွင် မိမိအား အသက်သေသည်အထိ လုပ်ကြုံရန်ကြိုးပမ်းသူများကို ရှာဖွေကာ ဖိနှိပ်ပြီး ၎င်းတို့အားလုံး၏ဦးခေါင်းထက်တွင် ခြေတော်တင်မည်ဟုသောစိတ်ဖြင့်သာရှင်သန်နေခြင်းဖြစ်သည်။

"အရှင်...ဒါ...ဒါက ကျွန်တော်မျိုးကို ၀န်ခံနေတာလားဘုရား။"

"အမှန်ဘဲ၊ ကိုယ်တော် မင်းလေးကို ဟိုးနှစ်ပေါင်းများစွာတည်းက စောင့်ကြည့်လာပြီး ဒီလိုနေ့ကိုစောင့်မျှော်နေခဲ့ရတာ၊ကိုယ်တော်မင်းလေးကို အခုအချိန်မှာမပြောနိုင်သေးပေမယ့် ကိုယ်တော် ပြောနိုင်တာတစ်ခုတော့ ရှိတယ်။"

ဟန်တျာကသိချင်သည့်ပုံစံဖြင့် မျက်လုံးလေးပြူးကာ ဧကရာဇ်အား မော့ကြည့်ကာမေးလိုက်သည်။

"ဘာများပါလဲ အရှင်"

"ကိုယ်တော် မင်းလေး အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာဟာ သက်တမ်းကြာပြီးဖြစ်သလို လွယ်လွယ်နဲ့ဖြစ်တည်လာခဲ့တာမဟုတ်ခဲ့ဘူး။မင်းလေးက ကိုယ်တော့်အတွက်သီးသန့်ဖြစ်တည်လာတာလို့ကိုယ်တော်ယုံကြည်ထားတယ်။"

ဧကရာဇ်က ဟန်တျာ၏ပန်းနုရောင်သန်းနေသော မျက်နှာလေးအားကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။ဟန်တျာကမူ မည်သို့မျှမပြောနိုင်ဘဲ ရှေ့ရှိလက်ဖက်ရည်ခွက်ကိုသာတွင်တွင်ကြီးကြည့်လျက်ရှိနေရာ ဧကရာဇ်ကပင်ပြုံးလျက် " မင်းလေးကရှက်နေမှတော့ ကိုယ်တော်တော့ ကြေကွဲရတော့မှာလား ဇနီးလေး၊ဟုတ်ပြီလေ ကိုယ်တော်အချိန်ပေးပါ့မယ်။ဒီနေ့ ညကိုယ်တော်ပြန်လာတဲ့အခါ တိကျတဲ့အဖြေပေးပါ။"ဟု ပြောလေသည်။

"ဒါပေမယ့် ..ဒါက.. ဒါက.."

ဟန်တျာ ဘာမှဆက်မပြောဖြစ်လိုက်။ခေါင်းပြန်ငုံ့သွားပြီး လက်ဖက်ရည်ခွက်ကိုသာကောက်ကိုင်လေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now