EPISODE (33)

7.8K 823 20
                                    

Unicode
ပျင်းစရာမကောင်းတော့ဘူးပေါ့!

ဆက္ကနန္ဒတစ်ယောက် မိမိ၏နဂါးပေါက်လေးများအားကလိရင်း ပထမတစ်ကောင်၏ခေါင်းလေးအားပွတ်နေလိုက်သည်။

ဒုတိယနဂါးပေါက်ကလေးသည်ဆက္ကနန္ဒ၏လက်ချောင်းလေးများအားယက်ကာ အရည်လဲ့သော မျက်၀န်းလေးများဖြင့်ကြည့်ကာ သူ့သခင်၏ပြုစုယုယမှုကိုမျှော်လင့်လျက်ရှိသည်။

"မတွေ့ရတာတောင်သိပ်မကြာသေးဘူးမင်းတို့က
ကိုယ်တော့်ကို လွမ်းနေကြပြီပေါ့လေ"

ဆက္ကနန္ဒတစ်ယောက် နဂါးပေါက်လေးနှစ်ကောင်၏ခေါင်းလေးများအားပွတ်ကာစနောက်ရင်းဖြင့် ပြုံးလိုက်သည်။

ဒီအချိန်ဆိုရင် မင်းလေးဘာလုပ်နေမလဲ.....
ဧကရီလေးရေ မင်းလေးကတော့ ကိုယ်တော့်ကို သိပ်ရက်စက်တယ်ကွာ.....ကိုယ်တော့်ကိုများ မယုံမကြည်နဲ့ ဒီလိုကြီးမင်းမလို့ လုပ်ရက်တယ်ကွာ။

ဧကရီတစ်ပါးသည် ဧကရာဇ်၏ အုပ်ချုပ်မှုအောက်တွင် သာရှိရမည်ဖြစ်ပြီး ဧကရာဇ်၏စောင့်ရှောက်မှုဖြင့် ချစ်ခြင်းမေတ္တာများစွာခံယူကာ တန်ဖိုးရှိရှိနေထိုင်ရမည်ဖြစ်သည်။

အခုတော့ ငါ့ရဲ့ဘ၀ကိုလည်းကြည့်ပါဦး!

အန္တရာယ်တွေကြုံလာလို့ ဧကရီက ဧကရာဇ်တစ်ပါးကို ရုပ်နဲ့နာမ်တစ်ခုစီခွဲခြားပြီး ကောင်းကင်ဘုံကို ပို့လွှတ်လိုက်သည်။သူကတော့ လူ့ဘုံမှာ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေလေရဲ့!

ဧကရီ...ဧကရီ မင်းလေးကိုတော့ ကိုယ်တော် ခပ်နာနာလေးရိုက်ပြီး ဆုံးမလိုက်ချင်တယ်ကွာ။

နေပါဦး...သူက ငါ့ကို အဖြေမှမပေးရသေးတာ!!!

ငါများ ဆုံးမလိုက်ရင် ငါ့ကိုစိတ်ကွက်ပြီး အ‌ဖြေမပေးတော့ရင်ရော???

မဖြစ်သေးပါဘူး။ဒင်းလေး အဖြေပေးပြီးမှ ဆုံးမပေးရမယ်။ဟုတ်တယ်!ကြိုးစားထား ဆက္ကနန္ဒရေ.....

"ဒါနဲ့ သင်တို့ကို ကိုယ်တော်မေးစရာတစ်ခုရှိတယ်"

ဆက္ကနန္ဒတစ်ယောက်နောက်သို့လှည့်ကာ နတ်သူငယ်နှစ်ပါးအားမေးလိုက်သည်။

"မေးပါ အရှင်"

"ဒီ နတ်သူငယ်ဥယျာဉ်မှာ နတ်သူငယ် သခင်ကဘယ်နှစ်ပါးရှိတာလဲ"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now