MAIN CHARACTER

9.6K 795 1
                                    

Unicode
ဇာတ်ဆောင်မိတ်ဆက်

(အဓိကဇာတ်ဆောင်ဖြစ်သူဧကရာဇ်မင်းကြီးနှင့်ဧကရီလောင်းလျာ ဟန်တျာယာ၀တို့၏အကြောင်းအရာအနည်းငယ်မျှသာ)
 
     {ဟန်တျာယာ၀}

My imaginary character Hantra Yawa.

✓ရာထူး-အနာဂတ်မဟာဧကရီအရှင်မြတ်လောင်းလျာ
✓မူရင်းအိမ်တော်-ယာ၀အိမ်တော်
✓လက်တွဲ‌ဖော်-မဟာဧကရာဇ်မင်းကြီး

       ယာ၀အိမ်တော်ဟာ နတ်ဒေ၀တာများရဲ့သွေးမှဆင်းသက်တယ်လို့ယုံကြည်ကြတဲ့အပြင် ကောင်းမွန်တဲ့ စိတ်စွမ်းအားအရင်းအမြစ်ကြောင့် ကြွယ်၀ချမ်းသာလှ၏။ထို့ကြောင့် ယာ၀အိမ်တော်ရှိသခင်ငယ်လေးများနှင့် သခင်မငယ်လေးများမှာ မြင့်မြတ်သောမျိုးရိုးနှင့် ကြွယ်၀သောအဆင့်အတန်းကြောင့် နတ်ဘုရားကဲ့လို အဆင်းအင်္ဂါနှင့်ပြည့်စုံကြ၏။

        အထူးပင်ပြောရန်မလိုအပ်သည်မှာ ပင်မအိမ်တော်ရှိ အဓိကဆက်ခံသူ ယာ၀သခင်ငယ်လေးမှာ  အိမ်တော်ရှိသခင်ကြီးများနှင့် နာယကများဧ။်ကမ်းကုန်အောင်အလိုလိုက်ခံရသူပီပီ ရုပ်အသွင်မှာအလွန်ပင်နူးညံ့လှသည်။ နီရဲနေသော စတော်ဘယ်ရီနှုတ်ခမ်းပါးလေးနှင့် သေးသွယ်လှသောမျက်နှာထား၊ ယာ၀အိမ်တော်၏အမှတ်သညာဖြစ်သော သမင်မျက်လုံးကဲ့သို့လှပရွှန်းလဲ့သောမျက်လုဲးအိမ်များသည် ဟန်တျာတွင်အကုန်ဖြစ်တည်သည်။အပြင်ပိုင်းတွင်ဖက်ထုပ်အတွင်းရှိနူးညံ့သောမုန့်လုံးလေးကဲ့သို့ပင်ဖြစ်သော်လည်း ဟန်တျာသခင်ငယ်လေးသည် ခန္ဓာကိုယ်ကာယကြံ့ခိုင်မှုမှာမြင့်မားပြီးသေးသွယ်ကာ လျင်မြန်ဖျက်လတ်လှသည်။

       သခင်ငယ်လေးမှာအမြဲလိုလိုပင်ရွှေချည်သားဖြင့်ရက်လုပ်သော ပုဆိုး နှင့် ရွှေအနားကွပ်ဇာအင်္ကျီအပါးကို၀တ်ဆင်ကာအပေါ်တွင် အနီရောင်ခြုံထည်ကို လွမ်းထားလေ့ရှိသည်။ သခင်ငယ်လေးသည် ပထမအဆင့်အိမ်တော်မှ အနာဂတ်ဆက်ခံသူသခင်လေးပီပီ အညိုရောင်ဆံပင်များပေါ်တွင် ရွှေဖြူဖြင့်အတိပြီးသောသရဖူလေးကိုလည်းအမြဲဆောင်းထားလေ့ရှိသည်။

          {ဆက္ကနန္ဒမဟာအဏီရာ}

My imaginary character Sakkha Nanda Mahar Anera.

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now