EPISODE (11)

10.4K 1K 9
                                    

Unicode
နေရာတကာပါတဲ့ မိဖုရားကြီး

ထိုအမျိုးသားပစ်လိုက်သောမြှားသည်မင်းသမီးကြီးဆီလို့ အလျှင်အမြန်ဘဲရောက်လာသည်။မင်းသမီးကြီးသည်မူလကမြှား မိမိဆီသို့ရောက်လာသည်ကိုမြင်သော်လည်း အနေမပျက်ခဲ့ပေ။သို့ရာတွင် မြှားကနီးလာမှမိမိ၏စိတ်စွမ်းအားဖြင့် ထိန်းချုပ်မ‌ရကြောင်းကိုသိသောအခါတွင်တုန်လှုပ်သွားလေသည်။

ခန်းမအတွင်းရှိ မိဖုရားများ၊ကိုယ်လုပ်တော်များသည်လည်း မူလက ရင်တထိတ်ထိတ်နှင့်ပြဇာတ်ကိုကြည့်နေလျက် ဘီလူးအားမင်းသားမှနှိမ်နင်းမည်ကိုစောင့်မျှော်နေကြသော်လည်းရုတ်တရက်ပြောင်းလဲသွားသောအခြေအနေကြောင့် ကြောင်အ,လျက်ရှိသည်။

မင်းသမီး၏ အရိပ်သက်တော်စောင့်များသည်လည်းမိမိတို့ ရှိသမျှ အစွမ်းနှင့်ကာကွယ်သော်လည်း ၊ထိုမြှားအတွင်းရှိ စိတ်စွမ်းအားမှာမလျော့ဘဲ မင်းသမီးကြီးဆီသို့သာဦးတည်လျက်ရှိသည်။

ထိုအခိုက် ဟန်တျာကတစ်ချက်ပြုံးလျက် သလွန်ပေါ်မှ လျင်မြန်သောအရှိန်ဖြင့် ခုန်တက်ကာ ထိုမြှားအား မိမိ၀တ်ရုံအတွင်းမှ ဓားအိမ်ဖြင့်ကာ လိုက်ပြီး ကျန်လက်ထဲမှ ဓားဖြင့် ထက်ပိုင်းဖြတ်လိုက်ရာ မြှားပစ်သူ အမျိုးသားသည်လည်း အသံနက်ကြီးဖြင့်အော်ကာ မြေပြင်ပေါ်သို့လဲကျသွားလေသည်။ထိုအခါမှ အားလုံးသဘောပေါက်သွားကြတော့သည်။ထိုအမျိုးသားသည် မိမိ၏တစ်ကိုယ်လုံးရှိ စိတ်စွမ်းအားအလုံးစုံကို မြှားပေါ်တွင် အခြေတည် စေပြီးပစ်ခွင်းလိုက်ခြင်းဖြစ်သည်။

ထိုအခိုက် ဟန်တျာကတစ်ချက်ပြုံးလျက် သလွန်ပေါ်မှ လျင်မြန်သောအရှိန်ဖြင့် ခုန်တက်ကာ ထိုမြှားအား မိမိ၀တ်ရုံအတွင်းမှ ဓားအိမ်ဖြင့်ကာ လိုက်ပြီး ကျန်လက်ထဲမှ ဓားဖြင့် ထက်ပိုင်းဖြတ်လိုက်ရာ မြှားပစ်သူ အမျိုးသားသည်လည်း အသံနက်ကြီးဖြင့်အော်ကာ မြေပြင်ပေါ်သို့လဲကျသ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Hantra's Sword will be like this.

ဤသို့လုပ်ကြံခြင်းသည် လုပ်ကြံမှုအောင်မြင်ပါကလည်း မိမိတွင်ရှိသောစိတ်စွမ်းအားကို ပြန်လည်ကျင့်ကြံယူရမည်ဖြစ်ပြီး မအောင်မြင်ဘဲတစ်ဖက်မှ ပြန်လည်တိုက်ခိုက်ပါက ဒဏ်ရာပြင်းစွာရပြီးစိတ်စွမ်းအားမကျင့်ကြံနိုင်သည်အထိ ဖြစ်နိုင်သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now