🏮SEASON 1+2🏮

4.4K 192 6
                                    

Hello It's Me Mai 💞

Season 2 & 3 အကြောင်းလေးပြောပြချင်လို့ပါဗျ။
တော်တော်များများကမသိကြဘူးဆိုလို့ ကျွန်တော် ဒီမှာ တစ်ချက်ပြန်ပြီး announcement လာလုပ်ပေးတာပါနော်။

|| Season 2 Prologue ||

Unicode

ဧကရီအရှင်မြတ် နတ်ရွာစံပြီး ငါးနှစ်အကြာတွင်
သက္ကအန္တလာပြည်၏ တတိယမင်းသားငယ် ရူစန္ဒာအဏီရာအား ခမည်းတော်ဖြစ်သူ ဧကရာဇ် ဆက္ကနန္ဒက ကောင်းကင်ဘုံမှ နေနတ်ဘုရားထံ အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ်ဆက်သခဲ့သည်။

နေနတ်ဘုရား သူရိယဒေဝါ သည် ကောင်းကင်ဘုံ၏အကြီးအကဲမှအပေးအယူတစ်ခုဖြင့် အကြပ်ကိုင်ခံလိုက်ရသဖြင့် လူ့ပြည်မှ လူသားတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် လက်ခံလိုက်ရသော်လည်း စိတ်ဆန္ဒအားဖြင့် တော့လက်မခံချင်ခဲ့။

သူရိယဒေဝါသည် ကောင်းကင်ဘုံရှိ နတ်ဘုရားများအကြားတွင် နတ်ဘုရားအကြီးအမှူးနေရာအတွက် ထိပ်ဆုံးမှ ရပ်တည်နေသူဖြစ်ပြီး တန်ခိုးကြီးမားကာ မာနအလွန်ကြီးသူဖြစ်သည်။ထို့အတူ ၎င်း၏အနောက်ဆောင်သို့၀င်ရောက်ချင်သူနတ်မိမယ်များစွာ ရှိသော်လည်း နေနတ်ဘုရား၏ ခါးခါးသီးသီးငြင်းပယ်မှုများကြောင့် အနားကပ်ခွင့်မရကြပဲ အဝေးမှသာ စောင့်မျှော်ခွင့်ရရှာကြ၏။

သို့သော် ယခုအခါမှာတော့ လူ့ပြည်က ဘာမဟုတ်တဲ့ လူသားတစ်ယောက်က နေနတ်ဘုရားရဲ့ ပထမဆုံးသော ကြင်ယာဖက်ဖြစ်လာတော့မည်။

ဒါကလက်ခံနိုင်စရာမဟုတ်။နေနတ်ဘုရားကရော ခါတိုင်း သူတို့လိုအချောအလှ ထိပ်ခေါင်တွေကိုကျတော့ ပြတ်ပြတ်သားသားငြင်းလွှတ်ပြီးဘောက်မဲ့ကြောင့် ဒီနိမ့်ကျတဲ့လူသားကိုကျတော့ လက်ခံရပါသနည်း။

နတ်မိမယ်များနှင့် နတ်ဘုရားပျိုအများစုကမကျေနပ်ကြ။အားလုံးက ထိုလူသား နတ်ဘုံသို့ရောက်ရှိမည့်အချိန်ကိုစောင့်ဆိုင်းရင်းဖြင့် ဘေးနားမှ သုံးသပ်ရန်အသင့်ပြင်နေကြ၏။
**************************************

" ထိပ်သီးနတ်ဘုရားတစ်ပါးရဲ့အမျိုးသားမဟေသီအဖြစ်တက်လှမ်းခြင်း "

တတိယမင်းသားရဲ့ နေ့စဉ်မှတ်တမ်းကိုအဓိကထားပြီးရေးသားမှာဖြစ်ပါတယ်။ " အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း " မှာ မပြီးပြတ်သေးတဲ့ ကိစ္စအချို့ကို ဒီမှာ အချိတ်အဆက်တစ်ချို့နဲ့ဖတ်ရှုရမှာဖြစ်ပြီး သာမန်အားဖြင့်တော့ Drama သိပ်မများတဲ့ Sweet and Love Fic လေးဖြစ်နေမှာပါ။ထုံစံအတိုင်း ဖအေတူသားဖြစ်တာမို့ Face slap ပိုင်းနဲ့ ထက်မြက်တာကတော့ လုံး၀လျော့မသွားပါဘူး ။

🎉 You've finished reading Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete ) 🎉
Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now