EPISODE (10)

12.8K 1.1K 16
                                    

Unicode
မင်းသမီးကြီးရဲ့အသက်နဲ့အလောင်းအစားလုပ်မယ်

ညဘက်အချိန်သို့ရောက်သောအခါ ဧကရာဇ်သည် ဧကရီနန်းဆောင်သို့ကြွမြန်းလာလေသည်။ယနေ့တွင်မူ ဧကရာဇ်သည် မင်္ဂလာဦးညထက်တက်ကြွနေဟန်ရှိသည်။မဟော်ဂနီရောင် မင်း၀တ်တန်ဆာဖြင့်ခံ့ညားနေပြီး ယခင်နေ့များကဲ့သို့တည်တံ့မနေဘဲ အတန်ငယ်ပြုံးနေဟန်ရှိသည်။

ဟန်တျာသည်အဆောင်ထဲသို့ကြွမြန်းလာသော ဧကရာဇ်ကိုမြင်လျှင် သက်ပြင်းကိုခိုးချပြီး သလွန်ပေါ်မှ ထကာ နှုတ်ဆက်လိုက်လေသည်။ထိုအခါဧကရာဇ်က" ဧကရီ ကိုယ်တော်ပေးတဲ့ ပြစ်ဒဏ်ကိုကျေနပ်မယ်လို့ထင်တယ်။"

"မှန်ပါ့ ကျေနပ်ပါတယ်ဘုရား။"

မကျေနပ်လို့မှမရတာ။သူကဧကရာဇ်လေ၊ငါ့လိုအနောက်ဆောင်ကသူတစ်ယောက်ကသူ့ကိုဘယ်လိုလုပ်ယှဉ်ရဲမလဲ။ဟွန့်......'

ထိုအခါဧကရာဇ်သည် သွားဖြူဖြူများပေါ်သည်အထိပြုံးပြပြီးဟန်တျာ၏အနားသို့ကပ်လာလေသည်။

"ဒါကမကျေနပ်ကြောင်းပြတာများလားဇနီးလေး။"

ကျေနပ်ပါတယ်ဘုရားဟုသာပြောပြီးနှုတ်ခမ်းအနည်းငယ်ဆူကာမကြည်မလင်ဖြစ်နေသောမျက်နှာဖြင့် မိမိအ၀တ်အစားများအားကူချွတ်ပေးနေသူကိုကြည့်ပြီး ဧကရာဇ်မှာအသဲယားလာလေသည်။

"သိပ်လွန်လွန်ကျွံကျွံမလုပ်ရင်တော့ အကောင်းဆုံးဘဲ။မင်းကအနောက်ဆောင်တော်ကြီးရဲ့သခင်ဖြစ်တဲ့အတွက် ကိုယ်တော်ပါ၀င်ရင် မကောင်းတဲ့ကိစ္စတွေအများကြီးဖြစ်ပျက်သွားလိမ့်မယ်။နားလည်ရဲ့လား"

ဟန်တျာက အံဩောတကြီးဖြင့် ဧကရာဇ်ကိုမော့ကြည့်လေရာ ဧကရာဇ်က ပြုံးရုံသာပြုံးထားသောမျက်နှာဖြင့် ပြန်ကြည့်လေသည်။

နန်းတော်သို့မ၀င်ရောက်မီ မိမိ၏အထင်နှင့်အမြင်မှာ တစ်လွဲဖြစ်နေသည်မှာရာခိုင်နှုန်းပြည့်ဖြစ်လေသည်။ဤဧကရာဇ်မှာ ပေါင်းရသင်းရလွယ်ကာ စိတ်ထားမကျဉ်းမြောင်းသူဟုယူဆ၍ရပေမည်။ထိုသို့မဟုတ်လျှင်မိမိကို ဤကဲ့သို့ ပစားပေသည်မှာအဘယ့်ကြောင့်နည်း။တစ်ကယ်ဆိုရင် ‌တော်၀င်မိဖုရားကြီးသည်မိမိထက်ပင် လှပပြီးဆွဲဆောင်မှုရှိသောမိန်းမပျိုလေးဖြစ်လေသည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now