EPISODE (37)

7.6K 750 27
                                    

Unicode
မိတ်ဆွေအရင်ဖွဲ့ရမယ်။

"အကိုတော်"

ဉယျာဥ်‌ တော်ထဲ၌လမ်းလျှောက်နေစဉ် နန္ဒကျော် သူ၏အကိုတော်ဖြစ်သူနန္ဒမင်းအားခေါ်လိုက်သည်။

"ပြောစရာရှိရင်ပွင့်ပွင့်လင်းသာပြောပါ ညီငယ်"

နန္ဒမင်းကဘွင်းဘွင်းကြီးပြောလိုက်တော့ နန္ဒကျော်နှစ်ခြိုက်စွာပြုံးလိုက်သည်။

"အကိုတော် သူ့ကိုအခုထိမေ့မရသေးဘူးလား။အခုလို အခြေအနေနဲ့တောင်မှပေါ့?"

"ဟုတ်တယ် ညီငယ်။ငါ သူ့ကိုတစ်ရက်မှမေ့မရခဲ့ဘူး။သူ့ကိုဟိုးအရင်စတွေ့ကတည်းက ငါ့ရဲ့နှလုံးသား ဟိုး‌အောက်ခြေအထိနက်နက်ရှိုင်းရှိုင်းရှိနေပြီးသားညီငယ်။အခုတော့ သူပျော်နေပြီးအဆင်ပြေနေရင်ကိုကျေနပ်တတ်နေပါပြီ။ချစ်ခြင်းမေတ္တာဆိုတာ ပိုင်ဆိုင်ရမှမဟုတ်ဘူးညီငယ်။"

နန္ဒမင်းတစ်ယောက် ချစ်ခြင်းမေတ္တာကိုပုံဖော်နေသော မိမိအကို ကိုကြည့်ကာ ခေါင်းခါမိတော့သည်။တစ်ကယ်တော့ချစ်ခြင်းမေတ္တာကသိပ်ကိုလှပပါတယ်။ဘယ်လိုပုံစံနဲ့မဆိုပေါ့။

နန္ဒ ကျော်လား။သူလည်းအစတုန်းက ယာ၀အိမ်တော်ကအငယ်ဆုံးသခင်လေးဆီမှာပျော်၀င်ခဲ့မိတာပေါ့။သူတင်မဟုတ်ပါဘူး အိမ်တော်သခင်လေးတွေ၊သခင်မလေးတွေ ကြားထဲမှာ ယာ၀သခင်လေးကအိမ်ထောင်ဖက်အဖြစ် စိတ်ကူးယဉ်အခံရဆုံးပါပဲ။

ယာ၀သခင်လေးကအရာအားလုံးနဲ့ ပြည့်စုံနေတဲ့ သခင်လေးတစ်ယောက်ပဲလေ။ဘယ်သူကမလိုချင်ပဲနေပါ့မလဲ။ရုပ်ရည်လား။အဆင့်အတန်းလား။စည်းစိမ်လား။အာဏာလား။အောင်မယ်...ဘယ်သူ့မှပြေးမကြည့်နဲ့။ယာ၀သခင်လေးမှာဘဲ ဒါတွေအကုန်ရှိမှာ။

ဒါပေသည့် ငယ်ရွယ်သည့် နန္ဒကျော်တို့ကတော့ သူ့အကိုနဲ့ယှဉ်ရင်အဲ့လောက်မရူးသွပ်ခဲ့ပေ။ငယ်ငယ်ရွယ်ရွယ် နဲ့အလှအပကိုကြည့်ပြီးခံစားတတ်ခဲ့ပေမယ့် အခု ကိုယ့်အပိုင် မဟုတ်တဲ့အချိန် ဘယ်လိုခံစားရသလဲမေးရင် ဘယ်လိုမှမခံစားရပါ။

"ကဲပါ။ဒါဆိုရင်လည်းအကို တော့်ရဲ့ ယောက်ဖတော်လေးကိုကူပြီးပြောပေးပါဦး။ကျွန်တော်တော့ သူမှသူဖြစ်နေပြီ"

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now