EPISODE (9)

11.6K 1.2K 35
                                    

Unicode
ဘယ်လိုအပြစ်ကြီးလဲ?

ဧကရီမယ်တော်ကြီး၏ ဘဂ္ဂီ နန်းဆောင်တွင်ဖြစ်သည်။

တောက် !

"ဒါသက်သက် ငါ့တူမကိုအရှက်ခွဲသွားတာ။ငါတို့ရမ္ပအိမ်တော်ကမိဖုရားတစ်ယောက်၊ငါလိုဧကရီမယ်‌တော်ကြီးတစ်ယောက်ရဲ့တူမတော် ကိုဒီလိုလုပ်ရဲတယ်ပေါ့လေ။ဧကရီ...ဧကရီ....ဒင်းကဥယျာဉ်သခင်၀င်စားတဲ့ဧကရီဖြစ်တယ်ဆိုတိုင်း ဒီလိုလာကျောလို့ရရိုးလား၊ကျုပ်ရဲ့ အနောက်နန်းဆောင်ကြီးကဘယ်လောက်တောင် မာယာများလဲ သင့်ကိုအမြည်းပြရတာပေါ့ ဟင်း...ဟင်း...ဟင်း.."

ဘေးနားတွင်ခစားနေသော ဘဒ္ဒါစုသီသည်မဲ့ပြုံးတစ်ချက်ပြုံးပြီးအရာရာကိုရိုသေ ကြောက်ရွံ့သောပုံစံပေါ်အောင်ကြိုးစားနေလိုက်သည်။

"ညည်းနှယ် ရိုးလိုက်သပ၊သူများကနင်းတိုင်းခံရအောင်ညည်းကရမ္ပမျိုးနွယ်ကရောဟုတ်ရဲ့လားလို့သူများမေးငေါ့စရာအေ။"

"မိမိရဲ့ညံ့ဖျင်းမှုအတွက်ဒေါ်လေးကို မျက်နှာပျက်စေမိပါပြီရှင်"

"ကျွန်မတို့မိဖုရားကြီးကကိုစိတ်နှလုံးနူးညံ့တာပါဘုရား။ဧကရီကအရမ်းရက်စက်တတ်သူဖြစ်နေတော့ မိဘုရားအတွက်ကံဆိုးမှုကြီးဖြစ်သွားတာပါမယ်တော်ကြီးဘုရား။"

ဘဒ္ဒစုသီ၏အထိန်းတော်က၀င်ရောက်လျှောက်ထားတာ သူမ၏သခင်မမတရားခံရမှုကိုဖွင့်ဟလေသည်။

"ငါရှိပါတယ်လေ။ငါ့အကြောင်းကို ဒင်းသိအောင်ပြရသေးတာပေါ့။"

"ဒေါ်လေး ဘုရား၊ မိမိအပြစ်လည်းပါတာမို့ ရှိပါစေတော့ဘုရား။မိမိ နောက်နောင်ဒီလိုမဖြစ်အောင်ဆင်ခြင်ရမှာပေါ့ဘုရား၊ဟင့်..."

ဘဒ္ဒစုသီက ငိုရှုက်သံဖြင့် သနားချင်စဖွယ်ပြောလေသည်။ဤကဲ့သို့ ဘဒ္ဒစုသီကလုပ်ပြလေ မယ်တော်ကြီး၏ ဒေါသမှာ အတိုင်းမသိတိုးလေဖြစ်သည်။

"ဒီလောက်ရိုးသားပြီး ကြင်နာတတ်တဲ့ကလေးမကို
ဒင်းကပညာပြရက်တယ်။အလကား မောက်မာနေတဲ့ဧကရီကို ငါကလည်း ရိုသေသမှုကဘာလည်းဆိုတာပြရတာပေါ့။ "
-------------------------------------
ဘဒ္ဒစုသီသည် ဧကရီမယ်တော်ကြီး၏အဆောင်မှအပြန်လမ်းတွင် ဝေါယာဉ်ပေါ်၌ထိုင်ကာမျက်လံုးနှစ်ဖက်ကို‌မှေးကာ အတွေးများလျက်ရှိ၏။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now