EPISODE (57)

7K 936 26
                                    

Unicode
သူတို့စစ်ချီတက်ကြပြီ။

ယနေ့သည် သက္ကအန္တလာပြည်တစ်တိုင်းပြည်လုံးအတွက် သမိုင်း၀င်မည့်နေ့ဖြစ်ပြီး မြို့‌တော်မှပြည်သူအားလုံးသည် ၎င်းတို့အသီးသီး၏ နေအိမ်များအတွင်းမှ ထွက်လာကြသည်။အားလုံး၏လက်ထဲတွင်လည်းအောင်သပြေပန်းများနှင့်နဂါးအလံလေးများကို ကိုင်ကာ စိတ်လှုပ်ရှားနေကြသည်။

မကြာမီ မြို့တော်၏တစ်နေရာ စစ်လေ့ကျင့်ရေးကွင်းကြီးမှ များပြားလှသော စစ်သည်ထုကြီးကချီတက်လာပြီး ဗိုလ်ချုပ်မဟာသီဟကမြင်းစစ်သည်များနှင့်အတူရှေ့ဆုံး မှဦးဆောင်လာလေသည်။

မြင်းစစ်သည်များ၏အနောက်တွင်အမြောက်တပ်ပါရှိပြီး ၎င်းနောက်တွင် ခြေလျင်တပ်၊လေးတပ်၊မြားတပ်နှင့်စိတ်စွမ်းအားမြင့် မှော်စစ်သည်တပ်များပါ၀င်လာသည်။

အရှင်နှစ်ပါးသည်လည်းကြီးမားသော နတ်မြင်းဖြူကိုယ်စီ စီးနင်းကာလိုက်ပါလာကြသည်။သေချာပေါက် အရှင်ဧကရာဇ်ရဲ့မျက်နှာတော်ကမူသိပ်မကြည်လင်လှပေ။တစ်ယောက်သောသူကမလိုက်ပါနဲ့လို့ချော့ပြောလည်းမရ၊ ‌ခြောက်ပြောလည်းမရသည်မို့မတတ်သာသည့်အဆုံးခေါ်လာခဲ့ရသည်။

သားတော်တွေကိုစိတ်ချလို့လား ဆိုပြီး လှည့်ကွက်သုံးကာ ပျော့ကွက်နင်းပြန်တော့လည်း ရွှေနန်းတော်မှာ မယ်အိနဲ့မယ်ဖြူအပြင် အရိပ်တပ်သားတွေပါချထားခဲ့မှာတဲ့လေ!

ဧကရာဇ်တစ်ယောက် အရှုံးပေးလက်မြှောက်ကာခေါ်လာခဲ့ရသည်။တစ်ကယ်တော့ ဟန်တျာသည်လည်းမိမိ၏ရင်သွေးများကို ထားခဲ့ရမည်မှာသိပ်ပြီး စိတ်ချတယ်လို့လည်းမဟုတ်ပေ။သို့သော် ယာ၀အိမ်တော်မှ မိမိ၏ မိဘများနှင့်အကိုတော်များက တိတ်တဆိတ်စောင့်ရှောက်ပေးမည်ဟုအာမခံကာ ရွှေနန်း တော်မှ မင်းသား လေးများအား အစားထိုးကာတစ်ဖက်လှည့်ဖြင့် ယာ၀အိမ်တော်သို့ တိတ်တဆိတ်ခေါ်ထုတ်သွားသဖြင့် ဟန်တျာတစ်ယောက်စိတ်အေးသွားရသည်။

ဤသတင်းအားမည်သူကမျှမသိလိုက်သည့်အပြင် သတင်းနံ့ရပြီးလိုက်လာသည့် ခွေးများမှာ ယာ၀အိမ်တော်၏ နာယကအကြီးအကဲများဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now