EPISODE (53)

6.7K 731 13
                                    

Unicode

"ဟန်တျာ"

အရှင်ဧကရာဇ်က ခန်းမအတွင်းသို့တည်ကြည်သောမျက်နှာထားဖြင့်၀င်လာသူ အမျိုးသားငယ်အားမြတ်နိုးစွာခေါ်လိုက်သည်။သေချာပေါက်ပေါ့ သူ့ရဲ့မျက်၀န်းတွေထဲမှာလည်း ချစ်ခင်မြတ်နိုးမှုပုံရိပ်တွေအပြည့်ဖြစ်နေသည်။

မူလဗိုလ်ချုပ်မဟာမြတ်နှင့် စစ်သူကြီးများက သဘောပေါက်ကြသော်လည်း နယ်စပ်စစ်သူကြီးများနှင့်ကျန်သေမင်းစစ်တပ် ဗိုလ်ချုပ်များမှာမူ ဧကရီကတစ်ပါးအ‌ေနနဲ့ ၎င်းတို့ စစ်ရေးစစ်ရာကိစ္စများဆွေးနွေးရာခန်းမထဲသို့၀င်လာသည်ကိုသိပ်ပြီး သဘောမတွေ့ကြပေ။

ဟန်တျာသည် အချို့သော မိမိအားမလိုလားသည့်မျက်နှာများကိုသတိထားမိသော်လည်း သူ့အနေနှင့် ဂရုစိုက်နေလိမ့်မည်မဟုတ်။

"အရှင့်ကို ကျွန်တော်မျိုးက ထူးထူးဆန်းဆန်းစစ်နည်းဗျူဟာလေးတစ်ခုကို လျှောက်ထားချင်မိလို့ပါ။အရှင်ခွင့်ပြုရင်ပေါ့"

ဟန်တျာ အရှင်၏အနားသို့လျှောက်လာပြီး ဂါရ၀ပြုကာ ကျန်စစ်သူကြီးနှင့် ဗိုလ်ချုပ်များဝိုင်းဝန်းကာစဉ်းစားနေကြသည့် မြေပုံအားကြည့်ကာ ပြုံးလိုက်သည်။

"ကိုယ်တော်ခွင့်ပြုတယ်"

ဧကရာဇ်ကတစ်ခွန်းတည်းသောစကားကိုဆိုကာ လက်မြှောက်ပြလိုက်သည်။ဧကရာဇ်အနေနှင့် မိမိ၏ဧကရီလေးအား ယုံကြည်ပြီးသားဖြစ်ကာ ဤအမှောင်လောက နှင့်ပက်သက်ပါက သူ၏ဇနီးလေးကပိုပြီး ထိုးထွင်းသိမြင်နိုင်မည်မှာသေချာသလောက်ဖြစ်သည်။

"ဝုန်း"

ရုတ်တရက် ဟန်တျာကလက်ဖျောက်တစ်ချက်တီးလိုက်ရာ စစ်သူကြီးများဝိုင်းရံနေသည့် မြေပုံကြီးဝုန်းခနဲ လှုပ်ရှားသွားပြီး လေပေါ်သို့ပျံတက်သွားကာ မြေပုံပါအကြောင်းအရာများကလည်းလှုပ်ရွကာ ထင်ရှားစွာပြသလျက်ရှိသည်။

"အမှောင်လောက တံတိုင်းမှာ အခြေအနေသုံးမျိုးရှိမယ်"

ဟန်တျာ၏ကြည်လင်ကာ ဆွဲအားပြင်းသည့်အသံကခန်းမအတွင်း ထွက်ပေါ်လာသည်။

"ပထမအပိုင်းအခြားက နေထွက်တဲ့အချိန်ပဲ၊ဒီကာလမှာ သူ့ရဲ့ ကြံ့ခိုင်မှုက အင်အားအသင့်အတင့်ရှိတယ်။ဒါပေမယ့် အင်အားအဆင့်နိမ့်တဲ့ မကောင်ဆိုးရွားအချို့ကလွဲရင် ကျန်အင်အားကြီးကောင်တွေအကုန်လုံး တံတိုင်းကြီးမှာကပ်ငြိနေကြတုန်းပဲ...."

Maharverse : အမျိုးသားဧကရီတစ်ပါး၏နေ့စဉ်မှတ်တမ်း( Complete )Where stories live. Discover now