☘️ Chapter 3

9.1K 1K 24
                                    

☘️ Chapter 3
☘️ The Two Little Buns

"ဖေဖေ နိုးလာပြီလား"

လင်းဝူက ကုတင်ပေါ်မှောက်လျက်သားဖြင့် အခွံ ခွာထားတဲ့ ကြက်မောက်သီးလိုတောက်ပနေတဲ့ မျက်လုံးရွဲကြီးတွေနဲ့ လင်းဂျင်ရွှမ်ကိုစိုက်ကြည့်နေခဲ့တယ်။ ထိုလူရဲ့ မျက်လုံးတွေက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေပြီး ဘာတစ်ခွန်းမှပြောမလာဘဲ အရှက်မရှိ ငိုက်မျဉ်းနေခဲ့တယ်။

"ဖေဖေ ထ ထ ထတော့ ၊ ၀မ် အဘွားကို ဖေဖေအရူးမဟုတ်တော့ဘူးလို့ပြောနေတာကို သားကြားခဲ့တယ်။ တိုင်၀မ်ရဲ့အဖေလို ပိုက်ဆံတွေ အများကြီးရှာနိုင်‌တော့မှာလားဟင် ?? ဖေဖေ စိတ်မပူနဲ့ သား ဖေဖေ့ကိုပိုက်ဆံကူရှာပေးမယ်။ သားအခု ဟင်းသီးဟင်းရွက်တွေတူးနိုင်နေပြီသား နည်းနည်းကြီးလာရင် တိုင်‌၀မ်တို့ ဒါမှမဟုတ် သား တခြားသူတွေနဲ့ ငါးလိုက်ဖမ်းနိုင်ပါတယ်။ သားတို့အတွက်မဟုတ်ပါဘူး။ ဖေဖေ့ အတွက် အကြီးဆုံးနဲ့ အဆူဖြိုးဆုံးငါးကို သားဖမ်း‌ပေးမယ်။ သား ခုထိတော့ တစ်ခါမှ ငါးမစားဘူးသေးဘူး။"

ရှာင်ဝူက သူ့အဖေရဲ့ ကုတင်ဘေးမှာ စကားတွေတစ်တွတ်တွတ်နဲ့ပြောနေခဲ့ပြီး။ တစ်ခါတစ်‌လေ မှာ နှာတရှုံရှုံနဲ့ ခက်ခက်ခဲခဲပြော‌နေရသော်လည်း သူ့‌ဖေဖေအတွက် တောက်ပတဲ့အနာဂတ်ကိုပုံဖော်‌ နေခြင်းအားမတားဆီးနိုင်ခဲ့ပေ။ လင်းဂျင်ရွှမ် သည် ကောင်လေး "ငါး" အကြောင်းပြောနေချိန်မှာ တံတွေးမြိုချသံကိုကြားလိုက်မိပုံရသည်။ မူလပိုင်ရှင်ရဲ့ ခံစားချက် ဟုတ်၊ မဟုတ် (သို့) ကလေးလေးရဲ့ပြောစကားကြောင့် ကူးစက်ခံရခြင်း ရှိ၊ မရှိ မသိသော်လည်း လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများချဉ်လာပြီး နှလုံးအောင့်လာသလို ပင် ခံစားခဲ့ရသည်။ ငါးနှစ်တောင်မရှိသေးတဲ့ ကလေးက အရမ်းကိုစဉ်းစားတတ်နေပြီ။ ဒါပေမယ့် သူက ခုထိ ငါးတောင်မစားဖူးသေးဘူးတဲ့ လား ? ဒါ စိတ်မကောင်းစရာပဲ! 21 ရာစုမှာ ဒီလို အဖြစ်မျိုးတွေးကြည့်လို့ပင်မရချေ။

"ရှောင်ဝူ..."

"ဖေဖေ နိုးပြီလား ? ထပြီး တစ်ခုခုစားလိုက်ဦး၊ အဖွားလုပ်‌ပေးခဲ့တဲ့ ဆန်မုန့်ကိုသားပြန်‌နွေးပြီးပြီ"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now