Chapter 38 ဒါတုန်မြို့ ၊ ငါးရောင်းခြင်း ( 2 )

4.5K 707 7
                                    

Chapter 38
ဒါတုန်မြို့ ၊ ငါးရောင်းခြင်း ( 2 )

" ဟမ် "

လင်းဂျင်ပန်က ခေါင်းညိတ်ပြပေမယ့် သူ့အကြည့်တွေက လင်း၀မ်နဲ့ လင်းဝူကို အမြဲတမ်း လွှမ်းခြုံနေပြီး၊ သူ့မျက်လုံးအောက်မှာ စိုးရိမ်မှုတွေနဲ့ ဒေါသတွေရောယှက်နေတယ်။ ငါးဈေးသည်စောစောထွက်ကြသော်လည်း လမ်း၏အနောက်ဘက်တွင် တည်ရှိသောကြောင့် ထိုဈေးသည်များသည် အခြေခံအား ဖြင့် လူများနေရာယူကြသည်။ ကျောက်ဒါလောင်သည် လှည်းကိုထောင့်တစ်နေရာသို့သာ မောင်းနှင်နိုင်ခဲ့သည်။  သူတို့လေးယောက်က ပုံးကြီးတွေကို သယ်ချဖို့ အတူတူ လုပ်ကြပြီး ပေါင်မုန့်သုံးလုံးက ဆီစက္ကူအိတ်တွေကို နာခံစွာကိုင်ပြီး ဘေးနားက ရပ်လိုက်တယ်။ 

"ကောင်းပြီ ကျေးဇူးအများကြီးတင်ပါတယ်"

"ဒီမှာပဲရောင်းလို့ရပေမယ့် မင်းရဲ့ငါးတွေက ကြီးပြီး အဆီတွေများလို့ လူတွေဝယ်ကြလိမ့်မယ်"

"ငါတို့ သံထည်ဆိုင်ကိုသွားလိုက်ဦးမယ် အပြန်လာကြိုမယ်"

ကျောက်ဒါလောင်နှင့် သူ့မိသားစုကို မြင်ပြီးနောက် လင်းဂျင်ရွှမ်သည် အနီးနားရှိ ငါးဖမ်းသမားများကို ကြည့်ရန်မျက်လုံးပြူးကာ လင်းဂျင်ပင်နှင့် မုန့်နှစ်ထုပ်ကို သူ့နံဘေးသို့လာရန် လက်ပြလိုက်သည်။  လူလေးယောက်က သူတို့မခွဲခင်မှာ အချိန်အတော်ကြာ တိုးတိုးပြောနေကြတယ်။ 

"ငါးရမယ် မွေးမြူရေးဆေးဖက်ဝင်ငါးဟေ့ အဆီပိုကြီးတယ်‌ ကောင်မလေး‌တွေ ပိုလှလာမယ်၊ ကောင်လေးက ပိုတက်ကြွလာမယ်၊ အသက်ကြီးလာရင်လည်း ကျန်းကျန်းမာမာနဲ့ ထိန်းနိုင်လာနိုင်လိမ့်မယ်..."

"ညီမလှလှလေး ငါးဝယ်သွားပါဦး ၊ ကျွန်တော့်ဖေဖေက ဆေးဖက်ဝင်အပင်မျိုးစုံနဲ့ ကျွေးထားတဲ့ ငါးပါ ဒီငါးကို စားပြီးတဲ့နောက် ပိုလှလာမှာ သေချာတယ်နော်...."

"ဦးလေး ငါးသွားဝယ်ပေးနော် ဖေဖေက ဆေးဖက် ဝင်အပင်တွေကျွေးထားလို့ အရမ်းအရသာရှိတယ်"

"ငါးရောင်းတယ် ၊ ငါး ၊ လတ်တယ် ၊ အဆီကြီးတယ် ပြီးတော့..ဆေးဖက်ဝင်ငါးနော်..... "

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now