CHAPTER 181

666 94 0
                                    

CHAPTER 181


နောက်နေ့မနက်စောစောမှာ ကလေးတွေကိုကျောင်း ပို့ပြီးနောက် လင်းဂျင်ရွှမ်က အမျိုးသမီး၀မ်ကို အသားခြောက်အစပ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အခြောက်လှမ်းထားတဲ့ အသားတစ်ချို့ကို ချူစီနဲ့ သူ့သားအတွက် ယိုထည့်တဲ့ အိုးသေးလေးလုံးနဲ့အပြည့်ထည့်ပေးဖို့တောင်းဆိုထားခဲ့သည်။ ကလေးတွေကျောင်းမှာ ဆာမှာကိုစိုးရိမ်တဲ့အတွက် ဆီပါတဲ့စာရွက်ကိုသုံးပြီး သူတို့ တစ်ယောက်ချင်းစီကိုထုပ်ပိုးပြီးအိတ်ထဲမှာထည့်ပေးကာ ဗိုက်ဆာတဲ့အခါ ထုတ်စားကြရန်ပြောခဲ့သည်။


ကလေးတွေကို လိုက်ပို့ပြီးတဲ့နောက် အလုပ်များတဲ့ နေ့တစ်နေ့အဖြစ် တစ်ဖန်ပြန်စတင်ခဲ့သည်။ ကလေးတွေရဲ့ရန်ပွဲကြောင့် ညစာစားပြီးသွားတဲ့အခါ သူတို့ယိုမလုပ်ဖြစ်ကြသဖြင့် သန့်ရှင်းရေးလုပ်ပြီးပိုးသတ်ရန် တောရိုင်းသစ်သီးတွေ အများကြီး ဂိုဒေါင်ထဲမှာကျန်ရှိနေပါသေးတယ်။ ရန်ရှန်းလွေ့ရဲ့ တောင်းဆို ချက်အောက်မှာ လင်းဂျင်ရွှမ်သည် အိမ်၌ ယိုချက်လုပ်ရန်သာတတ်နိုင်သော်လည်း ကျန်သူများအား လုံးမှာ တောင်ပေါ်သို့ပြန်တက်ကြရပြန်သည်။ ဘာမှလုပ်စရာမရှိသူမှာ လင်းဂျင်ဟန်သာဖြစ်သည်။


"သခင်ကြီးရွှမ် ၊ အာမခံသူလျူက အဲ့ဒီလူတွေကိုည‌နေပိုင်းမှသာ ခေါ်လာနိုင်မယ် လို့ပြောခဲ့ပါတယ်"


ယိုလုပ်သည့်အလုပ်ရုံသည် အလွန်ကြီးမားသောဧရိယာကို အပိုင်းနှစ်ပိုင်းခွဲကာ တစ်ဖက်တွင်တောရိုင်းအသီးအနှံများကို ဆေးကြောရန်အတွက် အသုံးပြုသော ရေလှောင်ကန်များစွာကိုတည် ဆောက်ထားပြီး ကျန်တစ်ဖက်တွင်မူ ယိုချက်ရန် သံထည်များဖြင့် ဒယ်အိုးများကို အတန်းလိုက်ပြုလုပ်ထားပြီး သူတို့ စားသောက်ဆိုင်က မကြာခဏအလျင်လိုလာတဲ့အခါ လင်းဂျင်ရွှမ်က အဲ့ဒီသုံးအိုးကို တစ်ပြိုင်တည်းကျိုပါတယ်။ ဒီနေ့လည်း အလား တူပါပဲ။ ဆုန်းကန်နွီကသတင်းပို့တဲ့အခါ ဒယ်အိုးအကြီးကြီးသုံးအိုးနဲ့ အလုပ်ရှုပ်နေတဲ့ လင်းဂျင်ရွှမ် က သူရပြီဟု ပေါ့ပေါ့တန်တန် ခေါင်းညိတ်အချက် ပြခဲ့သော်လည်း စကားတစ်ခွန်းမှမ‌ပြောခဲ့ပေ။ ဆုန်းကန်းနွီလည်း သိပ်ပြီးမတွေးတော့ဘဲ တောင်ပေါ်သို့ တိုက်ရိုက်ထွက်သွားခဲ့သည်။ လုပ်စရာအလုပ်ရှိသရွေ့ကလေးတွေကိုကျောင်းပို့​ပြီး​ရင် သူသည် တောင်ပေါ်သို့ သွားရောက်ကူညီမည်ဖြစ်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now