Chapter - 17 မိသားစု၏ စိတ်အားထက်သန်မှုကို ခံစားရခြင်း (1)

5.8K 859 6
                                    


အခန်း (၁၇)

လင်းဂျင်ဟန်နှင့် လင်းဂျင်ဖန်တို့သည် တစ်အူတုံ ဆင်းအမြွှာများဖြစ်တဲ့အတွက် ရုပ်ဆင်သင့်သော်လည်း သူတို့ကအတော်လေး မတူညီကြဘူး လင်းဂျင်ဟန်သည် နာတာရှည်ဖျားနာမှုကိုခံစားနေရသဖြင့် တစ်နှစ်မှာ နှစ်၀က်လောက်က အိပ်ရာပေါ်မှာ လှဲလျောင်းကာနေရပြီး နေရောင်ကိုမြင်ရရုံလောက်သာ...ထို့ကြောင့် ၎င်း၏အသားအရေသည် ဖောက်ထွင်းမြင်ရလုနီးပါး ဖြူဖျော့နေပြီး၊ ပိန်ပိန်ပါးပါးပုံသဏ္ဍာန်နှင့်ဖြစ်ပြီး လင်းဂျင်ဖန်သည် ငယ်ငယ်စဥ်ကတည်းက ကြမ်းကြမ်းတမ်းတမ်း‌ဖြင့် အမြဲရန်ဖြစ်လေ့ရှိသည်။ မကြာသေးခင် တစ်နှစ် နှစ်နှစ် လောက်မှစ၍ သူသည် အမူအကျင့်ကောင်းမွန်လာခဲ့ပြီး လင်းချန်းလုံနှင့် မကြာခဏ လယ်ယာအလုပ်များလုပ်ကိုင်ခဲ့သည်။ သူသည် ပိန်လှီသော် လည်း ကောင်းသောခန္ဓာကိုယ်တည်‌ဆောက်ပုံရှိပြီး ၎င်းတို့၏ အသွင်အပြင်ကွာဟမှုမှာ အလွန်ကြီးမားလျက်ရှိသည်။

"လာပါဦး ရေနည်းနည်းသောက်လိုက် ဒါကနွေရာသီမှာ အပူဒဏ်သက်သာစေဖို့ Houttunia နဲ့ ကျိုထားတဲ့လက်ဖက်ရည်‌လေ များများသောက်လိုက်ဦး"

အိမ်မှာ ဇိမ်ခံပစ္စည်းတွေ လုံးဝမရှိခဲ့ပါဘူး ဒီခွက်တွေဆိုတာ ရှိသမျှအကုန်ပဲ။ လင်းဂျင်ရွှမ်သည် ပန်းကန်လုံးတစ်လုံးကို ချက်ချင်းယူလိုက်တယ်....  လခြမ်းဏ္ဍာန်ဒိုင်‌မေးရှင်းမှ ရေကိုသာအသုံးပြုခဲ့သည်။ လခြမ်းဏ္ဍာန်ဒိုင်‌မေးရှင်းသည် ငါးများကို ဆွဲဆောင်နိုင်သောကြောင့် ၎င်းသည်လည်း ခန္ဓာ ကိုယ်အတွက်ကောင်းမွန်စေမည်ဟု သူထင်ခဲ့သဖြင့် ပေါင်မုန့်နှစ်လုံးအတွက် ဆေးဘက်၀င်ဖြစ်တဲ့ houttuyniae နဲ့ ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။  ယခင်ကတည်းက သုံးလာခြင်းမဟုတ်ဘဲ လတ်တ လောမှ စိတ်ကူးရခြင်းဖြစ်သည်။

"ကျေးဇူးတင်ပါတယ်... အဟွတ်.... အကိုကြီး၊ အစ်ကိုကြီး ပုံမှန်ပြန်ဖြစ်သွားတာ အရမ်းကောင်းတယ်.. နောင်တစ်ချိန်မှာ မင်းနဲ့ လင်းဂျင်ဖန်တို့ပဲ မိဘတွေကို ပြုစုစောင့်ရှောက်ပေးတယ်ဆိုရင်ပဲ ကျွန်တော် စိတ်ချလို့ရပါပြီ...အဟွတ်..."

သူ့အတွက် အသက်တစ်ခါရှုစာတွင် စကားများစွာပြောရန်မလွယ်ကူသဖြင့်  စူးရှသော ချောင်းဆိုးသံက ပြန်ထလာခဲ့သည်။ လင်းဂျင်ရွှမ်၏ နှလုံးသားကို ထိုးနှက်ခဲ့သော သူ၏ နောက်ဆုံးစကားများကဲ့သို့ပင်...သူသည် ရှေ့သို့ လျင်မြန်စွာ လှမ်းပြီး ပန်းကန် လုံးအား သူ့ပါးစပ်ဆီသို့ တေ့ပေးရင်း တစ်ဖက်တွင် ထိုင်နေသော လင်းဂျင်ဖန်က သူ့နောက်ကျောကို လက်ဖြင့် ပုတ်‌ပေးလိုက်သည်။ ညီအစ်ကိုသုံးယောက်မှာ ဆက်သွယ်မှု မရှိသလောက်ပင်ဖြစ်သော်လည်း မိသားစုသံယောဇဥ်က သိသာထင်ရှားလှသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now