Chapter 117

3K 645 1
                                    

☘️Chapter 117
☘️သားများအတွက် အစီအစဉ်များချမှတ်ခြင်း (၁)

သူ၏ စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့်မှုနှင့် သံသယများ သည် ရန်ရှန်းလွေ့၏ မျက်လုံးများမှလွတ်မသွားခဲ့ပေ။ ထို့ကြောင့် သူတို့နှစ်ဦးသည် ရန်ရှန်းလွေ့ကို သိကြောင်း ပိုပြအတည်ပြုနိုင်ခဲ့ကြသည်။ အကယ်၍ သူသာ သူနဲ့ တစ်ခါမှမဆုံဖူးဘူးပါက အခုလိုတုံ့ပြန် မှုမျိုး ဘယ်တော့မှရှိလာမည်မဟုတ်ပေ။

"ဟုတ်တယ် ငါတို့ရဲ့သားအရင်းတွေပါ သူတို့က    ဒီဆောင်းရာသီဆို ငါးနှစ်ပြည့်တော့မယ့် ချစ်စရာကောင်းတဲ့အမြွှာကောင်လေးတွေ"

'ငါတို့၏သားအရင်း' ဟူသော စကားလုံးများကို ရည်ရွယ်ချက်ရှိရှိ အလေးပေးခြင်းဖြင့် အဆုံးမရှိသောမှန်းဆနိုင်မှုကိုပေးစွမ်းသည်။ လင်းဂျင်ရွှမ်သည် ပေါ့ပေါ့ပါးပါးဖြင့် ကြည့်ရသည်မှာအမှန်တကယ်ပင် သူသည် သူ့သားများအတွက် အစီစဉ်များအဆင့်ဆင့်ချမှတ်နေခဲ့သည်။ သူထင်တာမှန်ရင် ချူစီနဲ့ သူ့သားက တော်ဝင်မြို့‌တော်ကပင် သင် ယူနိုင်သည်ဖြစ်စေ၊ လေ့လာနိုင်သည်ဖြစ်စေ သူ့အ တွက် အကောင်းဆုံးနည်းပြဆရာဖြစ်သည်။ ဟုတ်ပါတယ်၊ သူကသူ့ပေါင်မုန့်လုံးလေးတွေကို တစ်ဖက် ကမကောင်းတာတွေလုပ်မလားဆိုပြီးလည်းစဉ်းစား သည်။ အဆုံးမှာ ရန်ရှန်းလွေ့၏အမှတ်အသားသည် အရမ်းထူးခြားလွန်းသည်။ လူတွေက သူ့ကိုခြိမ်း ခြောက်မှုအနေနဲ့ ပေါင်မုန့်လုံးလေးတွေကိုသာသုံးနိုင်သည်။ သို့သော် ရှန်းလွေ့နှင့် ဝေးကွာရန်ကြိုးစားပုံကိုအကဲဖြတ်ကာ မည်သူနှင့်မျှမိတ်မဖွဲ့ခဲ့ဘဲ သူနှင့် ရန်ရှန်းလွေ့တို့သည် ရန်သူများမဖြစ်သင့်ပေ။ ဒီလိုဆိုရင် သူ့ကလေးကို ဘာကြောင့်ဒုက္ခပေးရမှာလဲ ?

သူသည် သူ၏အသိပညာနှင့် တော်၀င်မိသားစုအ ကြောင်းသိလိုခြင်းသာဖြစ်သည်။ တကယ်လို့ သူသာ ပေါင်မုန့်လုံးလေးတွေ၏ဆရာဖြစ်နိုင်ပါက ရန်ရှန်းလွေ့သည်လည်း သူ့မှတ်ဉာဏ်တွေပြန်ရပြီး     မပြောင်းလဲခဲ့ရင် တိုင်းပြည်ကိုချုပ်ကိုင်ထားတဲ့ ဧကရာဇ်မင်းရှိတဲ့ တော်၀င်မြို့တော်ကို သူတို့အား  ခေါ်သွားမည်လားဟုမေးရမည်။ ဒါကြောင့် ကလေးတွေကိုအဲဒီ့အရာတွေအကြောင်းသိစေပြီး အဲဒီလူတွေနဲ့ဘယ်လိုပေါင်းသင်းရမလဲဆိုတဲ့ ကျွမ်းကျင်မှုအချို့ကို သင်ယူတာဟာ ဘယ်တော့မှ မကောင်းတဲ့အရာမဟုတ်ပေ။ ထို့အပြင် ရန်ရှန်းလွေ့သည် သူ့မှတ်ဉာဏ်များပျောက်ဆုံးသွားကြောင်း ရှင်းပြခဲ့ပြီး ယခုအခါ ၎င်းတို့၏သားသမီးများဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး သံလွင်ခက်ဖြင့် သူနှင့် ငြိမ်းချမ်းရေးယူချင်နေပုံရသည်။ ဉာဏ်ထက်မြက်သူဖြစ်ရင် ဘာကိုရွေးချယ်ရမည်ကိုသိသင့်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now