Chapter 112

3.1K 681 0
                                    

⭐ Chapter 112
⭐ လူများ၀ယ်ခြင်း (၂)

"အို လုပ်စမ်းပါ၊ မင်းဘာတွေပြောနေတာလဲ။ ငွေအချောင်းသုံးဆယ်က မင်းအတွက် ဘာမှမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ကျေးဇူးတင်ကြောင်း ဖော်ပြချင်လို့ပါ ဒါမှမဟုတ် မင်းငါ့ကိုအထင်မြင်‌ သေးတာလား ?"

သူက သူ့ကို ညီလေးလို့ခေါ်တာ ဖြစ်ပျက်နေတာကိုမသိတဲ့သူက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလို့ ထင်နေကြလိမ့်မည်။

"အဲလိုမျိုး ကျွန်တော် မဆိုလိုပါဘူး။ အာမခံသူလျူက အရမ်းမယဉ်ကျေးပါနဲ့။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိပါတယ်။ မင်းက ငါ့ကိုအမြဲတမ်း အလကားပေးလို့မရဘူးလေ။ ပြတ်ပြတ်သားသားပြောရရင် သွားနဲ့လျှာကြားက ဆက်ဆံရေးကလုံလောက်နေပြီမဟုတ်လား။ ဒါပေမယ့် တခါတရံ တစ်ယောက်ကို တစ်ယောက်နာကျင်အောင်လုပ်နေကြတုန်းပဲ။ ဘယ်ဆက်ဆံရေးကိုမဆို ရေရှည်ထိန်းသိမ်းထားချင်သရွေ့တော့ ငွေကြေးနဲ့ပတ်သက်လို့မရဘူး။ မင်းကမိတ်ဖွဲ့ချင်တဲ့စိတ်ရှိလို့ ငါ့ဘက်က ပြောစရာအကြောင်းမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ငွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းလုပ်ထားသင့်တယ်"

ကမ္ဘာပေါ်မှာ အလကားနေ့လယ်စာမရှိပါဘူး။ ငွေအချောင်းသုံးဆယ်သာ ပေးလိုက်ချင်သည်။ ပြန်ဆပ်ဖို့ အခက်ဆုံးကဘာလဲ။ အခြားသူရဲ့ကျေးဇူး ပင်။

"မင်းဘက်က ပြောလာပြီဆိုမှတော့ ငါမင်းကိုထပ်ပြောနေရင် မ‌ကောင်းသလိုဖြစ်နေလိမ့်မယ်။ အဲ့တာဆိုလည်း ကောင်းပြီ ငါ သဘောတူပါတယ်။ ညီလေးလင်း မင်းတစ်ခုခုလိုအပ်ရင်သာ ငါ့ဆီလာခဲ့။ ငါ့ စွမ်းဆောင်ပေးနိုင်သရွေ့ ငါလက်ကိုချေးငှားပေးမှာပါ”

အာမခံသူလျူက သူ့မှာ စကားပြောကောင်းတဲ့ ဘုရားသခင်ရဲ့လက်ဆောင်ရှိတယ်လို့ ထင်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူ့ထက်ရွှန်းရွှန်း‌‌ဝေအောင်ပြောတတ်တဲ့ သူတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ တစ်ဖက်သားကို စိတ်အနှောက်အယှက် မဖြစ်စေချင်သဖြင့် လိုက်လျောမှုသာ ပြုလုပ်နိုင်ခဲ့သည်။ လင်းဂျင်ရွှမ်ပြောခဲ့သလိုပင် သူချင်းရန်မြို့ရဲ့နယ်ပယ်ထဲမှာ ရှိနေသရွေ့ပူးပေါင်းဖို့ အခွင့် အလမ်းရှိမှာသေချာတာမို့ အလျင်လိုမချေ။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now