Chapter 115

3.5K 671 17
                                    

☘️ Chapter 115
☘️ လူရှုပ်ကဲ့သို့ ၊ သူငယ်ချင်းဟောင်းလား ? (၁)

"ကန်နွီက ငါနဲ့အရင်ဆုံးတစ်ခုခုလုပ်စရာရှိသေးတယ် မင်းအစ်ကိုကျောက်နဲ့ အရင်ပြန်သွားနိုင်တယ်"

အချိန်တိုအတွင်း သူ့ပိုက်ဆံသုံးနည်းနဲ့လိုက် လျော ညီထွေမဖြစ်နိုင်ဘူးဆိုတာသိလိုက်ရတော့ လင်းဂျင်ရွှမ်က စကားအများကြီးမပြောဘဲ စုန့်ကန်နွီနဲ့ သူ့မိသားစုကိုလှည့်ကြည့်လိုက်ပြီးတော့ သူ့ပေါင်မုန့်လုံးလေးသည် ၎င်းတို့ကိုမြင်ပြီးနောက်ဒေါသထွက်ပြီး ခုန်နေမလားမသိပေ။

"ဟုတ်ကဲ့ ဆရာကြီးရွှမ်"

သူတို့ထွက်သွားတာကိုကြည့်ပြီးတော့ လင်းဂျင် ရွှမ်နဲ့တခြားနှစ်ယောက်က ရထားလုံးပေါ်တက်ပြီး ဆုန်းကန်နွီသည် ကြာပွတ်ကိုကိုင်လိုက်ပြီးနောက် ရထားလုံးကဖြည်းဖြည်းချင်းရွေ့သွားခဲ့သည်။

"ကောင်းပြီ၊ သုံးစွဲရတဲ့ငွေက တကယ်ကိုထိုက် တန်ပုံရတယ်၊ ပေါင်မုန့်လေးတွေမြို့ထဲမှာ ကျောင်းသွားတတ်တဲ့အခါ နေ့တိုင်းဒုက္ခရောက်တော့မှာ မဟုတ်ဘူး။"

ရထားလုံးလှည်းအတွင်းတွင် လုံးလုံးနီးပါးချည်အဖုံးများဖြင့်စွပ်ထားပြီး လုံလုံလောက်လောက်ကြီးပါသည်။ လင်းဂျင်ရွှမ်က ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ရန်ရှန်းလွေ့က သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး

"မင်း ကြိုက်သရွေ့ပေါ့"

"အော် မင်းက ငါ့အတွက် ဒီဟာကိုဝယ်‌ပေးထားတာဆိုတော့! သိက္ခာလေးတော့ရှိပါ ဟုတ်ပြီလား"

သူ့အရှက်ကင်းမဲ့တဲ့မျက်နှာအား လင်းဂျင်ရွှမ်က သူ့မျက်လုံးတွေကို လှန်လိုက်ပြီး၊ ဒီလူက ဘာလို့ ငါ့ထက်ပိုပြီး အရှက်ကင်းမဲ့နေရတာလဲ ??

"အို လာစမ်းပါ ! အဲ့ဒါက အရေးမကြီးပါဘူး ?  ဂုဏ်သိက္ခာဆိုတာက အပြင်လူတွေကို ချပြဖို့သက်သက်ပဲ။ ငါတို့ကြားမှာ အဲဒါတွေမလိုဘူး"

တခြားလူမဟုတ်ပါက သူ့စကားကြောင့်ဒေါသထွက်နေရလိမ့်မည်။ သို့သော် ရန်ရှန်းလွေ့သည် သူ့လည်ပင်းကိုကိုင်ရန် လက်ကိုမြှောက်ကာ ပခုံးပေါ် မှီရန်အခွင့်အ‌ရေးအရယူကာ ထိုအချိန်တွင် သူ့မျက်နှာ၌ လုံးလုံးလျားလျားလှောင်ပြောင်လိုသော အရိုင်းဆန်သော ခံစားချက်များကိုရေး သားထားသည်။ သူဟည် သူ့၏ဒဲ့တိုးဆန်မှုကိုသဘောကျသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now