Chapter 62

4.3K 553 0
                                    

Chapter 62
အနာဂတ်အတွက်အစီအစဉ်ချခြင်း (2)

"တကယ်လား ?? ငါ ဝါးခြင်းတောင်း အကြီးကြီး နှစ်ခု သယ်လာတယ် ! လုံလောက်လား ? မဟုတ်ရင် နောက်မှ သွားကောက်လိုက်မယ် မင်းအိမ်မှာနေပြီး ရေဆေးထားနှင့် ပြီးမှ ငါတို့အတူယိုလုပ်ကြမယ်"

လင်းဂျင်ရွှမ်က သူ့ကို သံသယစိတ်နဲ့ ကြည့်လိုက်ပေမယ့် သူ့မျက်နှာမှာ အံ့ဩသင့်မှုအနည်း ငယ်ကိုသာ တွေ့လိုက်ရပြီး ဒီတစ်ခါတော့ သူ့ကို စိတ်ရှုပ်သွားစေတယ်။ 

"ခဏနေ ငါတို့ ဒီမှာ စပျစ်သီးအကိုင်းအခက်တချို့ ခုတ်သွားပြီး ခြံထဲမှာစိုက်ကြတာပေါ့ နောက်ဆုံးတစ်‌ခေါက် စိုက်ထားတာတွေက ရှင်နေသေးတယ်"

ဒါပေမယ့် လင်းဂျင်ရွှမ်က အဲဒါကို သိပ်ကြာကြာမရှုပ်မထွေးစေခဲ့‌ပေ။ သူ့ညီလေး သံသယမ၀င်တာကောင်းတာပဲမဟုတ်လား ?? 

လခြမ်းပုံသဏ္ဍာန်ဒိုင်မေးရှင်းကိုပဲ ကျေးဇူးတင်ရမယ်။ ထိုရေကြောင့် အဆိုပါတောရိုင်းသစ်တော်သီး ပင်အကိုင်းအခက်များနှင့် စပျစ်သီးအကိုင်းအခက်များသည် လွန်ခဲ့သောရက်အနည်းငယ်က သူခုတ် ထွင်ရှင်းလင်းခဲ့သော ခြံထဲတွင် ရှင်သန်နေခဲ့သည်။ လခြမ်းပုံသဏ္ဍာန်ဒိုင်မေးရှင်းသည် ငါးများကိုဆွဲဆောင်နိုင်ရုံသာမက အပင်ကြီးထွားနိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်သည်။ သူ၏ လေ့လာတွေ့ရှိချက်အရ၎င်းသည် လူ့ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူး များစွာရှိသည်။ အထင်ရှားဆုံးသော သက်သေမှာ ပေါင်မုန့်‌လုံးလေး၏ မျက်နှာပေါ်မှဒဏ်ရာဖြစ်သည်ရက်အနည်းငယ်ကြာအောင် သောက်ပြီး မျက်နှာ သစ်ပြီးနောက် အမာရွတ်ပျောက်လုနီးပါးဖြစ်နေခဲ့သည်။ ဒါဟာ လခြမ်းပုံသဏ္ဍာန်ဒိုင်မေးရှင်းအကြောင်း ဘယ်သူ့ကိုမှမပြောဖို့ သူ့ရဲ့ဆုံးဖြတ် ချက်ကိုလည်း ခိုင်မာစေခဲ့ပါတယ်။ အဖိုးတန်ကျောက်တုံးသည် အပြစ်မဲ့ပိုင်ဆိုင်သူအား ထောင်ထဲရောက်စေသည်။ သူ့ကိုယ်သူ ဒုက္ခမရှာချင်ပါ။

"အပင်အားလုံးရှင်တယ် !! မင်း အမှတ်မှားနေတာမဟုတ်ဘူးလား? အခုမှ ရက်အနည်းငယ်ပဲ ရှိသေး တယ်လေ.."

လို့ ကြားတော့ လင်းဂျင်ပန်အနည်းငယ် ထိတ်လန့်သွားပြီး သူ့ကိုသံသယဖြင့်မကြည့်ပဲမ‌နေနိုင်ခဲ့ သူကိုယ်တိုင်က အနည်းဆုံးလယ်သမားတစ်ဝက်ပါပဲ အကိုင်းအခက်စိုက်ရတာ လွယ်မှန်း ဘယ်တုန်းကမှမသိခဲ့တာလား.....

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now