🥳 Chapter 171

2.2K 179 3
                                    

Chapter 171

"ဂျင်ဟွာ ၊ ဂျင်ဟွာ..."

လင်းချန်းဟူနှင့် သူ၏ဇနီးတို့သည် ထိုမြင်ကွင်းကို ဖန်တီးပြီးနောက်တစ်နာရီခန့်အကြာတွင် တောင်ပေါ်ရှိတောရိုင်းသီးများကိုခူးဆွတ်နေမည့် လင်းချန်းလုံသည် အခန်းထဲသို့ အမြန်ပြန်သွားခဲ့သည်။ ထိုင်ခုံမှာထိုင်နေတဲ့ အမျိုးသမီးသမီး၀မ်ကိုမြင်တော့ သူချက်ချင်းဆွဲမလိုက်ပြီး မထင်မှတ်ဘဲအပေါ်အောက် ဂရုတစိုက်စစ်ဆေးကြည့်တော့ ချွေးတွေဖုံးပြီးစိုးရိမ်စိတ်တွေသာ မျက်လုံးအောက်မှာ စွန်းထင်းနေပြီး သူ့ဘောင်းဘီတိုတွေပါအကုန်ချွေးများစိုသွားသည်။

"ရှင် ဘာလုပ်နေတာလဲ? ရှင် ဘာလို့ဒီလောက် အခွင့်အရေးယူနေတာလဲ။ အမျိုးသမီးဆုန်းနဲ့ ချွေ့လင်းလည်း ဒီမှာရှိနေတယ်လေ !”

မျက်လုံးဖြင့် စစ်ဆေးရုံဖြင့် မလုံလောက်ပါ။  လင်းချန်းလုံသည်နေရာအနှံ့ကိုပင် ပွတ်သပ်ပြီး သူမ၏ ကိုယ်ပေါ်၌ လက်များပြေးလွှားနေခဲ့ပြီး အမျိုးသမီး ၀မ်သည် အလွန်အရှက်ရသဖြင့် ချက်ချင်းပင်မျက် နှာပျက်သွားကာအမျိုးသမီးရန်ကတခစ်ခစ်ရယ်ကာ သူ့သမီးကိုအပြင်သို့ တိတ်တဆိတ်ဆွဲထုတ်ကာနေရာအနည်းငယ်ချန်ထားခဲ့သည်။

"ငါ မင်းကို စိတ်ပူလို့ ! ချန်းဟူနဲ့ သူ့မိန်းမက ထပ်ပြီး ဇာတ်ကွက်ရိုက်နေတယ်ကြားတော့ မင်းက သူတို့ကို တိုက်ခိုက်သေးတယ်။ ဂျင်ဟွာမင်း နာကျင်နေလား  သူတို့က မင်းကို နာကျင်စေခဲ့လား ?"

သူ၏ ရိုင်းစိုင်းမှုကိုလည်း သတိပြုမိသလိုပင်လင်းချန်လုံက သူ၏ခေါင်းကိုကုတ်ကာ သူမနှင့် ထပ်မံအတည်ပြုရန်ကြိုးစားခဲ့သည်။ ကောင်းကင်ကသာ သူဘယ်လောက်တောင် စိတ်ပူနေမှန်းသိတယ်၊ ဒီဝါးတောင်းကြီးကို သယ်ပြီးပြန်ပြေးချင်နေပြီ။ တစ်လမ်းလုံး သူ့ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ အတွေး တွေပျံ့လွင့်နေတယ်။ သူ့မိန်းမကို အသတ်ခံရတာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ၊ အဲဒီ့လင်မယားနဲ့ သူသေ ကိုယ်သေ တိုက်မယ်လို့တောင်တွေးထားမိတယ်။

"မဟုတ်ဘူး ကျွန်မမနာဘူး လာထိုင်ပါ အသက် လေးရှုပြီး ကျွန်မစကားကိုလည်း နားထောင်ပါဦး"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now