Chapter 180

674 87 0
                                    

CHAPTER 180


"ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ငါတို့ကို အမြဲဒုက္ခပေးနေတာ"


သူ့သားရဲ့လက်ကို ဆုပ်ကိုင်ထားတဲ့ ရန်ရှန်းလွေ့ က တစ်ယောက်ယောက်ကို အဓိပ္ပါယ်ရှိတဲ့ တစ်ချက် တစ်ချက်ကြည့်လိုက်ပြီး ဆိုးတဲ့ အပြုံးတစ်ခုပေး လိုက်တယ်။ သူ မရည်ရွယ်ဘဲရုတ်တရတ် ဝက်ကြီး ထွက်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ။


လင်း၀မ်က ထက်မြက်သလို သူ့အဖေပြောတဲ့အဓိပ္ပါယ်ရတဲ့ သူကိုချက်ခြင်းသိလိုက်တယ်။ ဒါကြောင့် သံသယမျက်လုံးတွေကို ဖြည်းညင်းစွာ ဆုတ်ခွာလိုက်တယ်။ လင်းဂျင်ရွှမ်ရဲ့ မျက်နှာညှိုးသွားပြီး "ဒီလို မကြည့်ပါနဲ့၊ အဲဒီနေရာက တောရိုင်းသီးတွေ ခူးတဲ့ နေရာနဲ့သိပ်မဝေးဘူး။ အဲ့မှာ ဝက်တစ်ကောင် ပေါ်လာဖို့ တခြားအကြောင်းတစ်ခုခုရှိလိမ့်တယ်။ အဲဒါနဲ့ ဘာမှမဆိုင်ဘူး။"


ဟုတ်တယ်၊ သေချာပေါက်ပဲ။


"ဒါဆို ငါတို့ တောရိုင်းသီးတွေ ကောက်နေတဲ့ နေရာကိုကြ ဘာလို့မရောက်လာတာလဲ" "ကောင်းပြီ..."


တစ်ဖန် လင်းဂျင်ရွှမ်သည် သားဖြစ်သူ၏မေးမြန်းမှုအောက်တွင် စကားမပြောနိုင်တော့ပေ။ ရန်ရှန်းလွေ့သည် အလွန်ရယ်စရာကောင်းသည်ကို တွေ့ရပြီး


"ဒါက ပြဿနာမဟုတ်ရင်တောင် မင်းအဖေက မနက်ဆို အစောကြီးထ အိမ်ကိုအမြဲနောက်ကျမှပြန်လာလို့ ငါစိုးရိမ်နေရတယ်။ ရှောင်၀မ် ကြည့်ဦး မင်းနဲ့ရှောင်ဝူကပိုပြီးတော့ သန်မာလာပေမယ့် မင်းအဖေကိုကြည့် ဝါးတိုင်လိုပိန်နေတုန်းပဲ။ လေခပ်ကြီးကြီးတိုက်လိုက်ရင် လွင့်ထွက်သွားနိုင်တယ်။ အပြင်မှာ အခုကပူနေပြီ ဒီလိုပုံနဲ့ဆိုရင် မကြာခင်သေသွားလိမ့်မယ် မင်းတို့ ဖေဖေခန္ဓာကိုယ်ကိုဘယ် လိုထိန်း‌ပေးကြမလဲ? ဒါဆို ရှောင်၀မ် အဖေတို့မှာ ပိုက်ဆံရှိတာ မင်းသိတယ်မလား။ ကူညီဖို့ လူတချို့ ထပ်မဝယ်သင့်ဘူးလား"


ရန်ရှန်းလွေ့သည် လင်းဂျင်ရွှမ်အပေါ်ချစ်ခြင်းမေတ္တာများကို ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်းမရှိပေ။ တစ်မိသားစုလုံး၏ မျက်နှာတွင်ပင်အခြားသူများကို ရှက်ရွံ့သွားစေသည့် အတိအလင်းပြော ဆိုထားပြီးဖြစ်သည်။ သို့သော်၎င်းတို့သည် သူတို့၏ မျက်လုံးအောက်တွင် ကောင်းချီးမင်္ဂလာများသာရှိခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now